Connect with us

Hi, what are you looking for?

သတင်း

လှည်းကူးတွင်စွန့်ပစ်ခံရိုဟင်ဂျာအ​လောင်းများတွင် နှိပ်စက်ခံထားရ​သောဒဏ်ရာများ​တွေ့ဟုမျက်မြင်​တွေ့ရှိသူများ​ပြော

“အများစုက ကျောပြင်အရည်ကြည်ဖု တွေ နဲ့ ခြေတွေ လက်တွေမှာလည်း အရည်ကြည်ဖုတွေ အပါအဝင် ရေနူး နေတာမျိုးတွေပါ တွေ့ရတယ်။နောက် နဖူးနဲ့ ခြေထောက်မှာ ရိုက်ခံထားပြီး ကွဲလို့ချုပ်ခံထားရသူတစ်ယောက်လည်းပါတယ်”

(စွန့်ပစ်ခံထားရ​သောရိုဟင်ဂျာရုပ်အ​လောင်း ၁၃ ​လောင်း)
(စွန့်ပစ်ခံထားရ​သောရိုဟင်ဂျာရုပ်အ​လောင်း ၁၃ ​လောင်း)

လှည်းကူးတွင် စွန့်ပစ်ခံထားရသည့် ရိုဟင်ဂျာ ၁၃ ဦး၏ရုပ် အလောင်းများတွင် ဒဏ်ရာများတွေ့ရှိကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။

သေဆုံးသူအလောင်းအများစု၏ ကျောပြင်တွင်အရည်ကြည်ဖုများ ၊ခြေထောက် နှင့် လက်များ တွင်လည်း အရည်ကြည်ဖုများ နှင့် အချို့တွင် ဒဏ်ရာရထားသဖြင့်ချုပ်ရာများပင်တွေ့ရှိရသည်ဟု မျက်မြင်​တွေ့ရှိခဲ့သူများက​ပြောသည်။

“အများစုက ကျောပြင်အရည်ကြည်ဖု တွေ နဲ့ ခြေတွေ လက်တွေမှာလည်း အရည်ကြည်ဖုတွေ အပါအဝင် ရေနူး နေတာမျိုးတွေပါ တွေ့ရတယ်။နောက် နဖူးနဲ့ ခြေထောက်မှာ ရိုက်ခံထားပြီး ကွဲလို့ချုပ်ခံထားရသူတစ်ယောက်လည်းပါတယ်”ဟုဖြစ်စဥ်အား မျက်မြင်တွေ့ရှိသူက People’s Spring သတင်းဌာနသို့ ​ပြောသည်။

Public Service Announcement
Public Service Announcement

ထို​ကြောင့် နှိပ်စက်သတ်ဖြတ်ခံရခြင်းဖြစ်ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

“ရက်ရှည် ဖမ်းထားပြီး နှိပ်စက်လို့ဝ မှ အလောင်းတွေကို လာစွန့်ပစ်တာလို့မြင်တယ်”ဟု ဒေသခံအချို့ကပြောသည်။

ရိုဟင်ဂျာ အမျိုးသား ၁၃ ဦး၏ ရုပ်အလောင်း ကို လှည်းကူးမြို့နယ် ဘားလားကျေးရွာ၏ တပင်ရွှေထီးလမ်းဘေးတွင် လာရောက် စွန့်ပစ်ထားကြောင်းစစ်ကောင်စီဝါဒဖြန့် လူမှုကွန်ယက်အကောင့်များမှ ယနေ့(ဒီဇင်ဘာ ၅ ရက်) နေ့လည်ပိုင်းတွင် စတင်ဖြန့်ဝေခဲ့သည်။ ထိုအပြင် စစ်​ကောင်စီဝါဒဖြန့် မီဒီယာအချို့နှင့်အ​ကောင့်များက ထိုရိုဟင်ဂျာများမှာကားအတွင်း ​အောက်စီဂျင် ပြတ်၍​သေဆုံးခြင်းဖြစ်နိုင်​ကြောင်း မှတ်ချက်ပြု​ရေသားဖြန့်​​နေသည်ကိုလည်း​တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ အခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ပို့တာမျိုး လုံးဝ မဖြစ်သင့်သေးကြောင်း APHR သတိပေး

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

ရေဆက်တက်နေတဲ့ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့မှာ ရေနစ်နေတဲ့ ဆယ်နှစ်အရွယ်ရိုဟင်ဂျာကလေးငယ်တဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)လက် အောက်ခံကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်နိုင်ခဲ့တယ်လို့​​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ထိုးစစ်ကိုရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့အဝင် ဂိတ်တွေကို တင်း ကြပ်ထားပြီး မြို့ထဲဝင်မယ့် ရိုဟင်ဂျာတွေကိုငွေတောင်းတာ၊ ရိုက်နှက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေ နဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။