Connect with us

Hi, what are you looking for?

News

ပြစ်ဒဏ်စီရင်ရန်ကျန်ရှိနေသည့် ပျူစောထီးအဖွဲ့ဝင်များနှင့် နီးကပ်စွာမနေကြရန် လှည်းကူး PDFအသိပေး

ပြစ်ဒဏ်စီရင်မည့် ပြစ်မှုကျူးလွန်သူ ပျူစောထီးအဖွဲ့ဝင်များစာရင်းကို လှည်းကူး PDFက ဒီဇင်ဘာ ၂၂ တွင် ထုတ်ပြန်ခဲ့ရာ စုစုပေါင်း ပျူစောထီးအဖွဲ့ဝင် ရှစ်ဦးရှိသည်။

People's Spring
People's Spring

ပြစ်ဒဏ်စီရင်ရန်ကျန်ရှိနေသည့် ပျူစောထီးအဖွဲ့ဝင်များနှင့် နီးစွာနေထိုင်ဆက်ဆံခြင်းများမပြလုပ်ကြရန် လှည်းကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(HPDF)က အသိပေးကြေညာလိုက်သည်။

အဆိုပါအသိပေးကြေညာချက်တွင် ပြစ်ဒဏ်စီရင်ရန်ကျန်ရှိသည့် ပျူစောထီးအဖွဲ့ဝင်များကို လှည့်ကူး PDFနှင့် မဟာမိတ်များက ဆက်လက်၍ ပြစ်ဒဏ်စီရင်သွားမည်ဟု ဖော်ပြသည်။

ထို့ကြောင့် ပျူစောထီးအဖွဲ့ဝင်များကို ပြစ်ဒဏ်စီရင်ချိန် ၎င်းတို့နှင့် အတူတကွဆက်ဆံနေထိုင်သူများအား တစ်စုံ တစ်ရာထိခိုက်မှုရှိပါက တာဝန်ယူမည်မဟုတ်ကြောင်း လှည်းကူး PDFက ဆိုသည်။

ပြစ်ဒဏ်စီရင်မည့် ပြစ်မှုကျူးလွန်သူ ပျူစောထီးအဖွဲ့ဝင်များစာရင်းကို လှည်းကူး PDFက ဒီဇင်ဘာ ၂၂ တွင် ထုတ်ပြန်ခဲ့ရာ စုစုပေါင်း ပျူစောထီးအဖွဲ့ဝင် ရှစ်ဦးရှိသည်။

Public Service Announcement

Public Service Announcement

လှည်းကူးမြို့နယ် ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်သိန်း(ခ)စောဖိုးခွားကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်တွင် လှည်းကူးPDF က သုတ်သင်ခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်