Connect with us

Hi, what are you looking for?

News

ပြစ်ဒဏ်စီရင်ရန်ကျန်ရှိနေသည့် ပျူစောထီးအဖွဲ့ဝင်များနှင့် နီးကပ်စွာမနေကြရန် လှည်းကူး PDFအသိပေး

ပြစ်ဒဏ်စီရင်မည့် ပြစ်မှုကျူးလွန်သူ ပျူစောထီးအဖွဲ့ဝင်များစာရင်းကို လှည်းကူး PDFက ဒီဇင်ဘာ ၂၂ တွင် ထုတ်ပြန်ခဲ့ရာ စုစုပေါင်း ပျူစောထီးအဖွဲ့ဝင် ရှစ်ဦးရှိသည်။

People's Spring
People's Spring

ပြစ်ဒဏ်စီရင်ရန်ကျန်ရှိနေသည့် ပျူစောထီးအဖွဲ့ဝင်များနှင့် နီးစွာနေထိုင်ဆက်ဆံခြင်းများမပြလုပ်ကြရန် လှည်းကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(HPDF)က အသိပေးကြေညာလိုက်သည်။

အဆိုပါအသိပေးကြေညာချက်တွင် ပြစ်ဒဏ်စီရင်ရန်ကျန်ရှိသည့် ပျူစောထီးအဖွဲ့ဝင်များကို လှည့်ကူး PDFနှင့် မဟာမိတ်များက ဆက်လက်၍ ပြစ်ဒဏ်စီရင်သွားမည်ဟု ဖော်ပြသည်။

ထို့ကြောင့် ပျူစောထီးအဖွဲ့ဝင်များကို ပြစ်ဒဏ်စီရင်ချိန် ၎င်းတို့နှင့် အတူတကွဆက်ဆံနေထိုင်သူများအား တစ်စုံ တစ်ရာထိခိုက်မှုရှိပါက တာဝန်ယူမည်မဟုတ်ကြောင်း လှည်းကူး PDFက ဆိုသည်။

ပြစ်ဒဏ်စီရင်မည့် ပြစ်မှုကျူးလွန်သူ ပျူစောထီးအဖွဲ့ဝင်များစာရင်းကို လှည်းကူး PDFက ဒီဇင်ဘာ ၂၂ တွင် ထုတ်ပြန်ခဲ့ရာ စုစုပေါင်း ပျူစောထီးအဖွဲ့ဝင် ရှစ်ဦးရှိသည်။

Public Service Announcement

Public Service Announcement

လှည်းကူးမြို့နယ် ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်သိန်း(ခ)စောဖိုးခွားကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်တွင် လှည်းကူးPDF က သုတ်သင်ခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Trending

Facebook