Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် စစ်​ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို KIA ၊ PDFပူး​ပေါင်းတပ်ကဖမ်းဆီးပြီး​နောက်တိုက်ပွဲဖြစ်

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖားကန့်မြို့တွင် စစ်ကောင်စီတပ်ကို KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ကထိခိုက်သေဆုံးရှိနိုင်သည်ဟုထုတ်ပြန်သည်။

(KIA တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-CJ)
(KIA တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-CJ)

ဖားကန့်မြို့နယ်၊ မှော်ပုံကျေးရွာအနီးတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးကို KIA ၊ PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးလိုက်ပြီးနောက် ယင်းနေရာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေသည်။

ဖားကန့်မြို့နယ်၊လုံခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို KIA ၊ PDF ပူးပေါင်းအဖွဲ့က ယနေ့(ဒီဇင်ဘာလ ၅ရက်)နေ့လယ်ပိုင်းတွင်ဖမ်းဆီးလိုက်ပြီးနောက် စစ်ကောင်စီကထိုးစစ်ဆင်လာဖြစ်ကြောင်းတော်လှန်ရေးအင်အားစုများကပြောသည်။

“အရပ်ဝတ်နဲ့ ကင်းလာထောက်တဲ့ ​​ေ-သုံးကောင်ကို လူငယ်တွေကဖမ်းလိုက်တော့ နောက်ကနေ စစ်ကြောင်းလိုက် လိုက်လာတာ။ လမ်းမှာအသင့်စောင့်ပြီးတိုက်တာ။ တိုက်ပွဲပြင်းထန်တယ်”ဟုKIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

တိုက်ပွဲသည် ညနေ ငါးနာရီခန့်မှစတင်ခဲ့ပြီးညနေ၆နာရီခွဲခန့်အထိ ပစ်ခတ်သံများထွက်ပေါ်နေသည်။ စစ်ကောင်စီတပ်က လူနေကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

” မှော်ပုံဒေသခံတွေ ဘေးလွတ်ရာပြေးနေကြပါတယ်။စစ်​ေ-တွေကလက်နက်ကြီးနဲ့ရမ်းထုနေလို့ပါ”ဟုဖားကန့်မြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်၏ တပ်မ ၃၃ လက်အောက်ခံတပ်ရင်းအချို့သည် ယမန်နေ့က အင်အားတစ်ရာခန့် တိုးကာ ဖားကန့်သို့ ဝင်ရောက်လာ​သည် သတင်းရရှိသည်။ ထို့ကြောင့်တိုက်ပွဲများ ပိုပြင်းထန်လာနိုင်ကြောင်း ဒေသခံများကပြောသည်။ ယနေ့တိုက်ပွဲတွင် ထိခိုက်မှုအ​ခြေအနေကို မသိရသေးပေ။

“ဟိုဘက် မှော်ဘုံဘက်မှာ ဖြစ်တာ။ မြို့နဲ့တော်တော်ဝေးတယ်။ အဲဒီဘက်မှာ ဖြစ်တာတော့ကြားတယ်။ ခုဏက ပစ်ခတ်နေတယ်လို့ကြားတယ်။ ကြားတယ်ဆိုတာ အသံကြားတာမဟုတ်ဘူး။ ဖြစ်နေတယ်ပေါ့။ အဲဒီဘက်မှာလည်း အသိတွေကရှိနေတယ်ဆိုတောလေ”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

KIA စစ်ရေးသတင်းများ ဖော်ပြနေသည့်ကချင်သတင်းရင်းမြစ်ကလည်း မှော်ဘုံဒေသ၌ ဒီဇင်ဘာ ၅ရက် ညနေ ပိုင်းမှစ၍ အင်အား ၈၀ ကျော်ပါသည့် စစ်ကောင်စီတပ်နှင့် KIA တပ်မဟာ(၉)၊ တပ်ရင်း(၆) တပ်ဖွဲ့များတိုက်ပွဲပြင်းထန်နေသည်ဟု ​ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖားကန့်မြို့တွင် စစ်ကောင်စီတပ်ကို KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ကထိခိုက်သေဆုံးရှိနိုင်သည်ဟုထုတ်ပြန်သည်။

KIA တပ်မဟာ(၉)၊ တပ်ရင်း(၆)နယ်မြေ ဖားကန့်မြို့ ကလပ်ကုန်းလမ်းဆုံတွင် ဒီဇင်ဘာ ၂ရက်ညပိုင်းက စစ်ကောင်စီတပ်ကို KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိနိုင်သည်ဟု KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားသည်။ အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်ရန် လာရောက်ရာ KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

KIA တပ်မဟာ(၉)တပ်ရင်း (၄၄) နယ်မြေ၌လည်း ဒီဇင်ဘာ ၂ရက်က စစ်ကောင်စီတပ်က ကျေးရွာအတွင်း စျေးဝယ်လာစဉ် အပြန်၌ KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ဦး ဒဏ်ရာရခဲ့သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။