Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တိုက်ပွဲတွင်စစ်​ကောင်စီတပ်ကပစ်​သော လက်နက်ကြီးစစ်​ဘေး​ရှောင်များခိုလှုံ​သောဓမ္မာရုံ​ပေါ်ကျ​

လတ်တလောဒေသတွင်းစစ်ရေးအခြေအနေကြောင့်နေအိမ်ကိုစွန့်ခွာက ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ခိုလှုံနေစဥ် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းဝန်းကျင်ကိုလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဒေသခံများကပြောသည်။

ဖားကန့်တိုက်ပွဲတွင်စစ်​ကောင်စီတပ်ကပစ်​သော လက်နက်ကြီးစစ်​ဘေး​ရှောင်များခိုလှုံ​သောဓမ္မာရုံ​ပေါ်ကျ​
ဖားကန့်တိုက်ပွဲတွင်စစ်​ကောင်စီတပ်ကပစ်​သော လက်နက်ကြီးစစ်​ဘေး​ရှောင်များခိုလှုံ​သောဓမ္မာရုံ​ပေါ်ကျ​

ဖားကန့်တွင် ယမန်နေ့က တိုက်ပွဲ၌စစ်ကောင်စီကပစ်ခတ်သည့် လက်နက်ကြီးသည် စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဆန်ခါကျေးရွာဓမ္မာရုံတည့်တည့်ကိုကျရောက်ပေါက်ကွဲခဲ့​ကြောင်းဒသခံများက​ပြောသည်။

လတ်တလောဒေသတွင်းစစ်ရေးအခြေအနေကြောင့်နေအိမ်ကိုစွန့်ခွာက ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ခိုလှုံနေစဥ် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းဝန်းကျင်ကိုလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဒေသခံများကပြောသည်။

ဖားကန့်တိုက်ပွဲတွင်စစ်​ကောင်စီတပ်ကပစ်​သော လက်နက်ကြီးစစ်​ဘေး​ရှောင်များခိုလှုံ​သောဓမ္မာရုံ​ပေါ်ကျ​
ဖားကန့်တိုက်ပွဲတွင်စစ်​ကောင်စီတပ်ကပစ်​သော လက်နက်ကြီးစစ်​ဘေး​ရှောင်များခိုလှုံ​သောဓမ္မာရုံ​ပေါ်ကျ​

“ဓမ္မာရုံထဲမှာကလေးတွေလည်းရှိတယ်။ရမ်းသမ်းပစ်နေတာ တစ်ချိန်လုံးပဲ။ စစ်ဘေးရှောင်ရာချီအထိရှိတယ်။လူတွေမထိတာ တော်တော် ကံကောင်းတယ်”ဟု ဖားကန့်ဒေသခံတစ်ဦးက​ပြောသည်။

စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်နေ၍ပြည်သူများလုံခြုံရေးသတိဖြင့် နေကြရန်ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဟိန်းမင်းကသတိပေး ထားသည်။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့နယ်၊လုံခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို KIA ၊ PDF ပူးပေါင်းအဖွဲ့က ယမန်နေ့(ဒီဇင်ဘာလ ၅ရက်)နေ့လည်က ဖမ်းဆီးလိုက်ပြီးနောက် စစ်ကောင်စီက​နောက်မှလိုက်လာပြီးထိုးစစ်ဆင်လာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်း KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြားစစ်ရေးတင်းမာနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook