Connect with us

Hi, what are you looking for?

News

ရန်သူစစ်ကောင်စီတပ်နှင့်ပတ်သက်ပြီး သတင်းပေးရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်

ယနေ့ (စက်တင်ဘာ ၇ရက်)မှစ၍ အာဏာရှင ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ပြီဖြစ်သော ကြောင့် ပြည်သူများအနေဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရရာနည်းဖြင့် တွန်းလှန်ကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

People's Spring
People's Spring

ရန်သူ စစ်ကောင်စီတပ်ဖွဲ့များ၏ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီတိကျစွာ သတင်းပေးကူညီရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က နိုင်ငံတစ်ဝန်းလုံးသက်ရောက်သည့် အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထပ်ဆင့် အမိန့်ကြေညာချက်ကို ယနေ့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်၏အချုပ်အခြာအာဏာကို လက်နက်အားကိုး၍ အဓမ္မလုယူသိမ်းပိုက်ခဲ့သော စစ်ကောင်စီအား နည်းလမ်းမျိုးစုံဖြင့် ခုခံတွန်းလှန်ရန်နှင့် စစ်အုပ်ချုပ်ရေးယန္တရား တစ်ခုလုံးအပြီးတိုင် ဖျက်သိမ်းပစ်ရန် လိုအပ်ကြောင်း NUGက ကြေညာခဲ့ခြင်းဖြစ်သည်။

ယနေ့ (စက်တင်ဘာ ၇ရက်)မှစ၍ အာဏာရှင ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ပြီဖြစ်သော ကြောင့် ပြည်သူများအနေဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရရာနည်းဖြင့် တွန်းလှန်ကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် အလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုရန်နှင့် အခြေခံစားသောက်ကုန်များ အတက်နိုင်ဆုံး စုဆောင်းထားရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မင်းတပ်မြို့နယ် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) အနေဖြင့် စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ် များအတိုင်း တသွေမတိမ်း စောင့်ထိန်းပြီး စစ်ကောင်စီကို ဆက်လက်တော်လှန်ရန်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ပြည်သူ့အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူလူထု လုံခြုံဘေးကင်းစေရေးအတွက် စနစ်တကျ ပူးပေါင်း စီမံဆောင်ရွက်ရန် ထုတ်ပြန်၌ ပါရှိသည်။

စစ်ကောင်စီ၏ လက်အောက်ခံလျက်ရှိသော လက်နက်တပ်ဖွဲ့ဝင်များ၊ အရပ်ဘက်ရှိ ရုံးဌာနမှ Non-CDM ဝန်ထမ်းများ၊ စစ်ကောင်စီနှင့် အကျိုးတူ ပူးပေါင်းလျက်ရှိသည့် လူပုဂ္ဂိုလ်များအားလုံးအနေဖြင့် ပြည်သူလူထုနှင့် တသားတည်း ခြွင်းချက်မရှိ ပူးပေါင်းပါဝင်ပေးရန်လည်း ထုတ်ပြန်ခဲ့သည်။

မင်းတပ် CDFသည် စစ်ကောင်စီတပ်ကို ဧပြီလကုန်မှစ၍ ရရာလက်နက်စွဲကိုင် ခုခံတော်လှန်ခဲ့ရာ တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များ သေဆုံးထိခိုက်မှုများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။