Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်များနှင့် ထောက်ခံသူများကို ထိရောက်သောအရေးယူဆောင်ရွက်ခြင်းများ ချမှတ်ပေးရန် နိုင်ငံတကာကို CRPH ထပ်မံတိုက်တွန်း

ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ရာ လူမဆန်သော စစ်တပ်၏ သတ်ဖြတ်မှုများအား ရပ်တန့်သွားရန်နှင့် မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်ပေးရန် ယင်းသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

(စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများ ပစ်ခတ်ဖြိုခွင်းနေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁ မတ်လ၅ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများ ပစ်ခတ်ဖြိုခွင်းနေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁ မတ်လ၅ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

▪️စစ်တပ်ကျူးလွန်ခဲ့သည့် လူမဆန်သော လုပ်ရပ်များအတွက် တရားမျှတမှုရှိရေးနှင့် တာဝန်ခံမှုရှိစေရန် ဆက်လက်လုပ်ဆောင်မည်ဟုဆို

အာဏာသိမ်းစစ်တပ်ခေါင်းဆောင်များနှင့် ထောက်ခံသူများကို ထိရောက်သော အရေးယူဆောင်ရွက်ခြင်းများ ချမှတ်ပေးရန် ကုလသမဂ္ဂ၊ အာဆီယံနှင့် ဥရောပသမဂ္ဂ တို့အပါအဝင် နိုင်ငံတကာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ထပ်မံတိုက်တွန်းသည်။

ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ရာ လူမဆန်သော စစ်တပ်၏ သတ်ဖြတ်မှုများအား ရပ်တန့်သွားရန်နှင့် မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်ပေးရန် ယင်းသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

CRPH သည် တိုင်းရင်းသားလူမျိုးများနှင့် ဒီမိုကရေစီအား အသက်ပေး၍ ခုခံကာကွယ်နေကြသူများအပေါ် အာဏာသိမ်းစစ်တပ်က ကျူးလွန်ခဲ့သည့် လူမဆန် သော လုပ်ရပ်များအတွက် တရားမျှတမှုရှိရေးနှင့် အကြမ်းဖက် စစ်တပ်မှ တာဝန်ခံမှုရှိစေရန် ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ကြေညာသည်။

Public Service Announcement
Public Service Announcement

အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တရားမဝင် အမည်ခံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၎င်းတို့၏တရားမဝင်အာဏာသိမ်းမှုနှင့် အုပ်ချုပ်မှုအား ဆန့်ကျင်ကြသည့် မြန်မာပြည်သူများအပေါ် စနစ်တကျ သတ်ဖြတ်မှုများအတွက် တာဝန်ရှိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အကြမ်းဖက်အာဏာသိမ်း စစ်တပ်သည် ဥပဒေမဲ့ဖမ်းဆီးခြင်း၊ တရားဥပဒေဘောင်ကို‌ကျော်လွန်၍ တရားလက်လွတ် သတ်ဖြတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် ပိုင်ဆိုင်မှုသိမ်းယူခြင်းတို့ကို ပုံမှန်အလေ့အထများ ကဲ့သို့ ပြုမူဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်အထိ အပြစ်မဲ့ ပြည်သူပေါင်း ၂၅၆၅ ဦး သတ်ဖြတ်ခံခဲ့ရကာ ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အရပ်သား ပြည်သူဦးရေမှာလည်း ၁၆၅၄၀ ဦးကျော်ရှိကြောင်း CRPH က ဆိုသည်။

ထို့အပြင်း အာဏာသိမ်းစစ်တပ်က တိုင်းရင်းသားများ နေထိုင်ရာ ဒေသများကဲ့သို့ အရပ်သား ပြည်သူများနေထိုင်ရာနေရာများကို ရက်စက်စွာ လေကြောင်းအင်အားသုံး၍ တိုက်ခိုက်ခြင်းတို့ ကြောင့် ရာချီသော ပြည်သူများ သေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာသော ပြည်သူများသည် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဖော်ပြသည်။

အရပ်သားပြည်သူများနေထိုင်ရာ နေရာများသို့ ခွဲခြားမှုမရှိ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ နေအိမ်၊ ကျေးရွာနှင့် စာသင်ကျောင်းများအား မီးရှို့ ဖျက်ဆီးခြင်း များကို လုပ်ဆောင်လျက်ရှိသည့်အပြင် ဖမ်းဆီးထိန်းသိမ်းခံရသူများနှင့် ထွက်ပြေးတိမ်းရှောင် နေရသူများ၏ အိုးအိမ်များကိုလည်း တရားမဝင် သိမ်းပိုက်နေကြောင်းလည်း ဆက်လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုပ်ပုံတွေကို ခြေထောက်နဲ့နင်း၊ မီးနဲ့ရှို့ပြီး ဆန္ဒပြမှု ဒီကနေ့ (ဇူလိုင် ၃)မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်