Connect with us

Hi, what are you looking for?

News

တွေ့ဆုံဆွေးနွေးရေးအတွက် ကြိုးပမ်းနေတယ်လို့ အပစ်ရပ် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဆို

NUG အစိုးရက လူထုရဲ့ ခုခံတော်လှန်စစ် စတင်ပြီလို့ ကြေညာလိုက်သလို အပစ်ရပ် ၁၀ ဖွဲ့ ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဖွဲ့ အစည်းအဝေးဟာလည်းဒီနေ့မှာ ကျင်းပခဲ့တာရှိပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းဖို့ အတွက် တွေ့ဆုံဆွေးနွေးရေးအကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းနေတယ်လို့ အပစ်ရပ် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ခေါင်းဆောင်က ပြောလိုက်ပါတယ်။

NUG အစိုးရက လူထုရဲ့ ခုခံတော်လှန်စစ် စတင်ပြီလို့ ကြေညာလိုက်သလို အပစ်ရပ် ၁၀ ဖွဲ့ ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဖွဲ့ အစည်းအဝေးဟာလည်းဒီနေ့မှာ ကျင်းပခဲ့တာရှိပါတယ်။

အဲဒီအစည်းအဝေးအဖွင့်မိန့်ခွန်းမှာ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက မကြာမီပြည်တွင်းကိုရောက်လာမယ့် အာဆီယံ ကိုယ်စားလှယ် နဲ့တွေ့ဆုံဆွေးနွေးနိုင်ဖို့ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

Public Service Announcement

လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ NCA စာချုပ်ကိုအခြေခံပြီး သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးပွဲ တွေ ကျင်းပပြီး ဖြေရှင်းဖို့ ကြိုးပမ်းမယ်ဆိုတာကို ကြေညာထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပနိုင်အောင် NCA စာချုပ်အသိသက်သေ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက ကြားဝင်စေ့စပ် ဆောင်ရွက်ပေးဖို့မေတ္တာရပ်ခံထားတယ်လို့လည်းပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။