Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက တပ်စွဲထားသည့်ရွာလာတိုက်ပါက မီးရှို့မည်ဟုသတင်းလွှင့်ပြီး အပြန်တွင် နေအိမ် ၂၀ကျော် မီးရှို့ဖျက်ဆီးသွား

မြောင်မြို့နယ်သို့ ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းသည် စစ်ကြောင်းတလျှောက်လမ်းခုလတ်မှ ကျေးရွာများကို ဝင်ရောက်မွှေနှောက်နေသည်။

(ဖွားစောရွာအား စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - CDSOM)
(ဖွားစောရွာအား စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - CDSOM)

စစ်ကောင်စီက ၎င်းတို့တပ်စွဲထားသည့်ကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လာရောက်တိုက်ခိုက်ပါက ရွာကိုမီးရှို့မည်ဟု သတင်းလွှင့်ထား၍ မတိုက်ဘဲနေခဲ့သော်လည်း နေအိမ် ၂၁လုံး မီးရှို့ဖျက်ဆီးသွားကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)က သတင်းထုတ်ပြန်သည်။

“ဖွားစောရွာထဲ သုံးရက်ဝင်ပြီးတပ်ဆွဲခဲ့တယ်။ ဒီနေ့( ဒီဇင်ဘာ ၁၂ရက်) နေ့ခင်း ၁၂နာရီ၁၀မိနစ်မှာ ရွာကထွက်တယ်။ ထွက်ခါနီး ထွက်ခတ်ခတ်သွားတာ။ နေအိမ် ၂၁လုံးကို မီးရှို့သွားတယ်” ဟု CDSOMမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် မြောင်မြို့နယ် ဖွားစောကျေးရွာအတွင်းသို့ ဒီဇင်ဘာ ၁၀ ရက်နံနက်မှစ၍ တပ်စွဲခဲ့သည်။ ဖွားစောရွာသို့ မရောက်မီ လမ်းခုလတ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ကိုင်းခရိုင် တပ်ရင်း (၆)တပ်ခွဲ(၃)နှင့် CDSOMအဖွဲ့ပါဝင်သော မဟာမိတ်များက မိုင်းခွဲတိုက်ခိုက်ခဲ့​​​သည်။ ထိုသို့ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရသွားသည်ဟု CDSOM က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

ဖွားစောကျေးရွာအတွင်း တပ်စွဲ့ပြီးနောက် ၎င်းတို့ကို လာရောက်မတိုက်ခိုက်ရန်နှင့် တိုက်ခိုက်ပါက ရွာကိုမီးရှို့မည်ဟု စစ်ကောင်စီက သတင်းလွှင့်ခဲ့သည်။ ထို့ကြောင့် ရွာထဲမှ ပြည်သူ့နေအိမ်များမီးရှို့မခံရစေရန် မတိုက်ခိုက်ဘဲနေခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။ သို့သော် ဖွားစောရွာမှ ပြန်အထွက်တွင် ရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားသည်။

Public Service Announcement

Public Service Announcement

(ဖွားစောရွာအား စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - CDSOM)
(ဖွားစောရွာအား စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – CDSOM)

“ရွာကို မီးရှို့ပြီးထွက်သွားတော့ လမ်းကဖြတ်ပြီးတိုက်တာ။ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ခဲ့တယ်”ဟု CDSOM မှ ရဲဘော်တစ်ဦးက ပြောသည်။

မြောင်မြို့နယ်သို့ ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းသည် စစ်ကြောင်းတလျှောက်လမ်းခုလတ်မှ ကျေးရွာများကို ဝင်ရောက်မွှေနှောက်နေသည်။

“မိစ္ဆာတပ်များရောက်လာကတည်းက အချို့တောတွင်း၊အချို့ ဘေးရွာများသို့ ကျေးရွာပေါင်း ခြောက်ရွာကျော်မှ ပြည်သူပေါင်း ၅,၀၀၀ ကျော်ခန့်ဟာ စစ်ဘေးရှောင်ကာနေကြရပါတယ်”ဟု CDSOM က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook