Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်(ပကဖ)မှ ရဲဘော်တစ်ဦးဖမ်းဆီးခံရပြီး စစ်ကောင်စီ၏စစ်ကြောရေးတွင် ကျဆုံး

ရဲဘော်ဘုန်းမြတ်ကို ကျဆုံးမှုသည် များစွာသောဆုံးရှုံးမှုဖြစ်ပြီး အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်အလေးပြုအပ်ပါသည်ဟု ဖော်ပြထားသည်။

(ရဲဘော်ဖုန်းမြတ်ကိုအား တွေ့ရစဥ်)
(ရဲဘော်ဖုန်းမြတ်ကိုအား တွေ့ရစဥ်)

ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော်မှ တပ်ဖွဲ့ဝင်ရဲဘော်တစ်ဦး စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံရပြီး စစ်ကြောရေးတွင် ကျဆုံးသွားကြောင်း အဆိုပါအဖွဲ့က ယနေ့(ဒီဇင်ဘာ ၁၂) အသိပေးထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – နေပြည်တော်တပ်ဖွဲ့ဝင် ရဲဘော်ဖုန်းမြတ်ကိုသည် ဒီဇင်ဘာ ၁ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြသည်။

“ဒီဇင်ဘာလ (၃)ရက်နေ့တွင် စစ်ကောင်စီ၏ စစ်ကြောရေးစခန်းတွင် ကျဆုံးသွားပါသည်”ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ရဲဘော်ဘုန်းမြတ်ကို ကျဆုံးမှုသည် များစွာသောဆုံးရှုံးမှုဖြစ်ပြီး အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်အလေးပြုအပ်ပါသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – နေပြည်တော်အနေဖြင့် ရဲဘော်ဖုန်းမြတ်ကိုနှင့် ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများ၏ စိတ်ဓါတ်ကိုကိုင်စွဲ၍ နွေဦးတော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုထားသည်။

ရဲဘော်ဘုန်းမြတ်ကိုကျဆုံးမှုနှင့်စပ်လျဥ်းပြီး အခြေအနေအကြောင်းကြောင်းကြောင့် ယခုမှ သတင်းထုတ်ပြန်နိုင်ခြင်းဖြစ်ကြောင်း အသိပေးထားပြီး အခြေအနေအပြည့်အစုံအားသိရှိနိုင်ရန် People’s Spring က ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော်ထံ ဆက်သွယ်ထားသော်လည်း အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။