Connect with us

Hi, what are you looking for?

သတင်း

အင်းတော် သုံးရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၄၀ကျော် ထိခိုက်သေဆုံးဟု အသိပေး

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၍ ဂျုံးဂျုံးဂျရွာသစ်မှ နေအိမ် ခြောက်လုံးနှင့်စားသောက်ဆိုင် နှစ်ဆိုင်၊ ဂျုံးဂျရွာမမှနေအိမ်၁၁လုံး၊ မအူကုန်းရွာမှ နေအိမ်အလုံး၂၀နှင့် ပိန်းအင်းရွာမှ နေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဖော်ပြသည်။

(အင်းတော်PDF တပ်ဖွဲ့ဝင်အချို့ ။ ဓာတ်ပုံ - IR)
(အင်းတော်PDF တပ်ဖွဲ့ဝင်အချို့ ။ ဓာတ်ပုံ - IR)

▪️ရွာများကို မီးလာရှို့သည့် စစ်ကောင်စီတပ်ကို KIA/PDFပူးပေါင်း ခုခံတိုက်ခိုက်နေ၊ PDF ရဲဘော် တစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်း ပြီးခဲ့သည့် သုံးရက်ကဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၄၀ကျော် ထိခိုက်သေဆုံးရှိခဲ့ကြောင်း Indaw Revolution က ယနေ့ ဖော်ပြသည်။

အင်းတော်မြို့နယ် ညောင်ကုန်၊ဂျုံးဂျုံးကျနှင့် ပိန်းအင်းရွာအနီးတွင် ဒီဇင်ဘာ ၁၆ရက်မှ ၁၈ရက်အထိ စစ်ကောင်စီတပ်နှင့် KIA၊KPDF၊ အင်းတော် PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အင်အား (၇၀)ဖြင့် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို KIA၊ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“သူတို့ဘက်က အင်အား (၇၀)လောက်နဲ့ စစ်ကြောင်းထိုးလာတာ။ အခုလက်ရှိ (၃)ရက်ဆက် တိုက်ခိုက်မှုအပြီးမှာ (၃၀)လောက်ပဲရှိတော့တယ်။ အထိနာထားတော့ နောက် ထပ် (၁၅၀)လောက် အင်အားထပ်တိုးထားတယ်”ဟု အင်းတော် PDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြော သည်။

အဆိုပါ တိုက်ပွဲများအတွင်း ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦး ရင်ဘတ်ထိမှန်ခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲသုံးရက်အတွင်း ဂျုံးဂျုံးကျ ရွာအနီးဖြစ် သည့်တိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များခဲ့သည်ဟု အခြား PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း ယမန်နေ့တွင် People’s Spring သို့ ဖြေကြားထားသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ဘက်က ကြည့်တာလည်း ​ေ…(စစ်ကောင်စီတပ်သား)တွေ အလောင်းတွေ ထမ်းတာ၊ ဒဏ်ရာရတဲ့ဟာတွေ ထမ်းသယ်နေတာလည်း အကုန်မြင်နေရတယ်”ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၍ ဂျုံးဂျုံးဂျရွာသစ်မှ နေအိမ် ခြောက်လုံးနှင့်စားသောက်ဆိုင် နှစ်ဆိုင်၊ ဂျုံးဂျရွာမမှနေအိမ်၁၁လုံး၊ မအူကုန်းရွာမှ နေအိမ်အလုံး၂၀နှင့် ပိန်းအင်းရွာမှ နေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင်ဒေသတွင်းရှိ ကျေးရွာ ၁၂ရွာမှ ပြည်သူ ၅,၀၀၀ကျော် စစ်ဘေးရှောင်နေရကြောင်း အသိပေးထားသည်

ရှေ့ဆက်ပြီး တိုက်ပွဲများပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ အစစအရာရာဂရုစိုက်ကြရန် လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။