Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်း ဂွစျေးအနီးဗုံးတွေ့ဟုဆိုကာ စစ်ကောင်စီက လမ်းပိတ်ဖောက်ခွဲမှုပြုလုပ်

ယမန်နေ့ (ဒီဇင်ဘာ ၁၈) ညနေပိုင်းကလည်း ရန်ကုန်မြို့ရှိ ပန်းဆိုးတန်းမှ ဒလမြို့သို့ ကူးသန်းပြေးဆွဲသည့် ချယ်ရီကူးတို့ သင်္ဘောပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူ ၁၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယမန်နှစ်က စမ်းချောင်းဂွစျေးအနီးတွင် စစ်ဆေးမှုများပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်၊ဓာတ်ပုံ - CJ
ယမန်နှစ်က စမ်းချောင်းဂွစျေးအနီးတွင် စစ်ဆေးမှုများပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်၊ဓာတ်ပုံ - CJ

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဂွစျေးအနီးတွင် ယနေ့ (ဒီဇင်ဘာ ၁၉) ညပိုင်းက ဗုံးတွေ့ရှိသည်ဟုဆိုကာ စစ်ကောင်စီဝင်များက လမ်းများပိတ်ဆို့ပြီး ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ​ဒေသခံပြည်သူများက ပြောသည်။

ယနေ့ညပိုင်း ၇နာရီခွဲဝန်းကျင်က စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် ပုသိမ်လမ်းထိပ်၊ ဂွစျေးအနီး အမှိုက်ပုံးတွင် စည်ပင်ဝန်ထမ်းများ ဗုံးတွေ့ရှိဟုဆို၍ စစ်ကောင်စီဝင်များ ရောက်ရှိလာပြီး ဗုံးအားဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

” ည ၇နာရီခွဲလောက်က စည်ပင်ဝန်ထမ်းတွေက အမှိုက်ပုံးမှာ ဗုံးတွေ့လို့ဆိုပြီး ရဲကိုလှမ်းအကြောင်းကြားတယ်။ ရဲနဲ့ စစ်သားတွေက ရောက်လာပြီးလမ်းတွေပိတ်၊ စျေးဆိုင်တွေ သိမ်းခိုင်းပြီး ဗုံးကို ဖောက်ခွဲလိုက်တာပါ။ အသံတော်တော်ကျယ်တယ်။ လူတွေက ထွက်ကြည့်တော့လဲ စစ်သားတွေက လှမ်းဆဲဆိုနေသေးတယ်”ဟု ၎င်းက ပြောသည်။

အများပြည်သူများ သွားလာနေသည့် နေရာတွင် ဗုံးထောင်ခြင်း၊ ဖောက်ခွဲရန် ကြံစည်ခြင်းမှာ စစ်ကောင်စီ၏ လုပ်ရပ်သာ ဖြစ်ကြောင်း ရန်ကုန်မြို့ခံ တစ်ဦးက မှတ်ချက်ပြုခဲ့သည်။

Public Service Announcement

Public Service Announcement

“ဂွစျေးလိုမျိုး ပြည်သူတွေပဲလာတဲ့ နေရာမျိုးကို ဗုံးလာထားတယ်ဆိုကတည်းက စစ်တပ်ရဲ့ လက်ချက်ပဲ ဖြစ်နိုင်ပါတယ်။ နောက်ပြီး ဗုံးတွေ့တော့လဲ လွတ်ရာကို သယ်မသွားဘဲလမ်းလယ်မှာပဲ ဗုံးကို ဖောက်ပစ်လိုက်တယ်။ ဒါကတမင် PDFတွေက ပြည်သူတွေကို ဗုံးထောင်ပါတယ် ဆိုပြီး လုပ်ကြံဇာတ်လမ်းထွင်တာပဲ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် ယင်းကဲ့သို့ ပြည်သူများကို ထိခိုက်စေသည့် ဗုံးများထောင်၍ PDFများ ပြုလုပ်သည်ဟုလွှဲချရန် စီစဥ်နေသည့်အတွက် ပြည်သူလူထုအနေဖြင့် အသွားအလာ သတိထားကြရန်လည်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း တော်လှန်ရေးအင်အားစုက သတိပေးသည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၈) ညနေပိုင်းကလည်း ရန်ကုန်မြို့ရှိ ပန်းဆိုးတန်းမှ ဒလမြို့သို့ ကူးသန်းပြေးဆွဲသည့် ချယ်ရီကူးတို့ သင်္ဘောပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူ ၁၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။