Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်းမြို့နယ် ကျွန်းတော/မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

အဆိုပါအုပ်ချုပ်ရေးမှူးရုံးသည် အသစ်ပြန်လည်တည်ဆောက်ထားသည့် ရုံးဖြစ်ပြီး ဖွင့်ပွဲပြုလုပ်ရန် စီစဉ်နေကြောင်း စမ်းချောင်းမြို့နယ်၌နေထိုင်သူတစ်ဦးက ပြောသည်။

(စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းရှိ ကျွန်းတောမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၂၀၂၁ ဧပြီ ၄ ရက်က မီးလောင်ကျွမ်းမှု ဖြစ်နေစဥ်၊ ဓာတ်ပုံ - CJ)
(စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းရှိ ကျွန်းတောမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၂၀၂၁ ဧပြီ ၄ ရက်က မီးလောင်ကျွမ်းမှု ဖြစ်နေစဥ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကျွန်းတော/မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF စမ်းချောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်‌တော်တို့ရဲ့အဓိကပစ်မှတ်က အုပ်ချုပ်ရေးပစ်မှတ်အဖြစ် အဲဒီရုံးကိုရွေးချယ်ခဲ့တာပါ။

ဒါပေမယ့် အနီးအနားမှာ ပြည်သူတချို့ထိုင်နေတာတွေ၊ ပံ့သကူကောက်ဖို့ စောင့်ဆိုင်းနေသူတွေကြောင့် ရုံးရဲ့အတွင်းနံရံကို အကာအကွယ်လုပ်ပြီး Damage နည်းတဲ့ မိုင်းအမျိုးအစားကိုသုံးကာ ပြည်သူမထိခိုက်အောင် ဆောင်ရွက်ခဲ့ရတာပါ။မစ်ရှင်ဆောင်ရွက်ရာမှာ ပြည်သူကို အမြဲဦးစားပေးပြီး မထိခိုက်အောင် ကြိုးစားလုပ်ဆောင်ပါတယ်။” ဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို နိုဝင်ဘာ ၇ရက် ညက ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် (ပကဖ)တပ်ရင်း၊တပ်ခွဲ(၁)၊တပ်စု(၁)၊တပ်စိတ်(၁)နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း PDF စမ်းချောင်းကသတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါအုပ်ချုပ်ရေးမှူးရုံးသည် အသစ်ပြန်လည်တည်ဆောက်ထားသည့် ရုံးဖြစ်ပြီး ဖွင့်ပွဲပြုလုပ်ရန် စီစဉ်နေကြောင်း စမ်းချောင်းမြို့နယ်၌နေထိုင်သူတစ်ဦးက ပြောသည်။

“ပြည်သူများအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စွဲထားရာနေရာများ၊ရုံးရှိရာနေရာများနှင့် ဝေးတဲ့နေရာမှာ ရှောင်ကွင်းနေထိုင်သွားလာဖို့ ကျွန်ုပ်တို့ PDF – Sanchaungမှ အထူး မေတ္တာရပ်ခံတောင်းဆိုလိုပါတယ်..အပျော်အပါးတွေလျှော့ကြပါ၊တော်လှန်ရေးကိုအာရုံစိုက်ပေးကြပါလို့ပြောချင်ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ပဒုမ္မာ ကဇာတ်ရုံဟောင်းနေရာ၌ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ယင်းပွဲမတိုင်မီ အောက်တိုဘာ ၂၈ရက်တွင် PDF စမ်းချောင်း နှင့်မဟာမိတ်အဖွဲ့များက အဝေးထိန်းဗုံးနှစ်လုံးဖောက်ခွဲ၍ သတိပေးခဲ့သောကြောင့် ယင်းဈေးရောင်းပွဲအစီအစဉ် ဖျက်သိမ်းခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက္ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ၆ လွှာတိုက်ခန်းကနေ ဘေးနားက ဘုရားကျောင်းပေါ်ကို ပြုတ်ကျခဲ့တာကြောင့် ကူညီကယ်ဆယ်‌‌ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က ဒရယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံးတယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိ နာရေးတစ်ခု၏ ဖဲ‌ဝိုင်းတွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ရာ တစ်‌ဦး‌ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။