Connect with us

Hi, what are you looking for?

သတင်း

အသတ်ခံရသည့် အုပ်ချုပ်ရေးမှူးအလောင်း လာသယ်သည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

မတ္တရာမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းဘေးဝန်းကျင်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေသည်။

(၂၀၂၁ မတ်လက မန္တလေးမြို့တွင် တွေ့ရသည့် စစ်ကောင်စီတပ်သားများ ၊ဓာတ်ပုံ − EPA)
(၂၀၂၁ မတ်လက မန္တလေးမြို့တွင် တွေ့ရသည့် စစ်ကောင်စီတပ်သားများ ၊ဓာတ်ပုံ − EPA)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အသတ်ခံရသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အလောင်းလာသယ်သည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုရှိကြောင်း တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

ယနေ့(ဒီဇင်ဘာ ၂၀ရက်) နံနက် ၇နာရီ ၄၅မိနစ်ခန့်က မြွေတလိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ကို ပစ်ခတ်ခဲ့ကြောင်း တောကြီးမြွေပွေး ပြောက်ကျား တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ပြောသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် အုပ်ချုပ်ရေးမှူးဦးသန့်ဇင် အလောင်းအား လာသယ်သည့် စစ်ကောင်စီတပ်ယာဉ်ကို ထပ်မံမိုင်းဆွဲဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

ယာဉ်မှာ ရှေ့ဆက်မသွားနိုင်၍ ဖောကားနှစ်စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာခဲ့ကြောင်း၊ မွန်းတည့် ၁၂ နာရီခန့်တွင် အဆိုပါ ယာဉ်ပေါ်မှဆင်းကာ ခြေလျင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာလေးဦး သေဆုံးခဲ့ကြောင်း ဗိုလ်တီက ပြောသည်။

Public Service Announcement

Public Service Announcement

ထိခိုက်မှုအခြေအနေ အတိကျမသိရသေးဟုဆိုသည်။

“မနက်၇ နာရီမှာ အုပ်ချုပ်ရေးမှူးကိုရှင်းတယ်။ သူ့အလောင်းကိုကားတစ်စီးနဲ့လာတင်ခိုင်းတယ်။ လာတင်တဲ့ကားကို မနက် ၉ နာရီလောက်မှာ မြွေတလိုင်းရွာအရှေ့ဘက်မှာ မိုင်းဆွဲလိုက်တယ်။ ကားကဆက်သွားမရတော့ဘူး။ အဲဒါကြောင့် မတ္တရာကနေ ဖောကားနှစ်စီးနဲ့ ထပ်လာပြီး ခြေလျင်စစ်ကြောင်းထိုးတယ်။အဲဒါကိုမိုင်းထပ်ဆွဲတယ်။ လေးဦးသေတယ်။”ဟု ဗိုလ်တီက ပြော သည်။

မတ္တရာမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းဘေးဝန်းကျင်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook