Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်ရှိ ထောမူပလယ်မဲ တပ်စခန်းအား KNUတပ်မဟာ(၅) ခြုံခိုတိုက်ခိုက်၊ စစ်ကောင်စီတပ် သုံးဦးသေ

ယင်းနေ့ နံနက်အစောပိုင်းကလည်း မြေနီကုန်းနှင့် ကူးဆိပ်အကြားရှိ အကြမ်းဖက်စစ်ကောင်စီတပ်အား တစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် လူသောမြို့နယ်ရှိ ထော်မူပလယ်မဲ စစ်ကောင်စီတပ်စခန်းအား ဒီဇင်ဘာ ၂၁ရက် နံနက်က ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်ဏီတပ်မှ သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၁ရက်က တပ်မဟာ(၅)နှင့် စစ်ကောင်စီတပ် တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ရာ နံနက် ၉နာရီခွဲတွင်လည်း ထော်မူပလယ်မဲ့ စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဒီဇင်ဘာ ၂၁ရက် နံနက် ၁၀နာရီကျော်အချိန်တွင် လူနာပြန်လည်ပို့ဆောင်နေ့သည့် စစ်ကောင်စီ တပ်အား ဒွယ်လိုးမြို့နယ်အတွင်းရှိ ထီးဂေလေါ်နှင့် မြေနီကုန်းအကြား၌ ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးအခြေအနေ မသိရသေးကြောင်း ဖော်ပြသည်။

ယင်းနေ့ နံနက်အစောပိုင်းကလည်း မြေနီကုန်းနှင့် ကူးဆိပ်အကြားရှိ အကြမ်းဖက်စစ်ကောင်စီတပ်အား တစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် မွန်းလွဲပိုင်း၌ ဘူးသိုမြို့နယ်ရှိ ကောကာ့ထာ့ဒေသတွင် စစ်ကောင်စီတပ်ကို တပ်မဟာ(၅)က ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း KNLAတပ်မဟာ(၅)ရဲဘော်များ ထိခိုက်ကျဆုံးမှုမရှိဟု အသိပေးထားသည်။

တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်စခန်းနှင့် စစ်ကြောင်းများကို KNUတပ်မဟာ(၅) တပ်ဖွဲ့ဝင်များက ပြောက်ကျားနည်းဖြင့် တိုက်ခိုက်မှုများနေ့စဉ်လုပ်ဆောင်လျက်ရှိရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။