Connect with us

Hi, what are you looking for?

သတင်း

က​လေးမြို့နယ်တွင်စစ်​ကောင်စီတပ်စစ်​ကြောင်းကိုPDFကမိုင်းဆွဲတိုက်ခိုက်

မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင်စစ်ကောင်စီတပ်က၁၀မိနစ်ခန့် ရမ်းကားပစ်ခတ်ခဲ့ပြီး​နောက်နည်းပညာတက္ကသိုလ်(ကလေး)ထဲကို ဝင်ရောက်သွားသည်။

(က​လေး PDFတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-PDF)
(က​လေး PDFတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-PDF)

ကလေးမြို့နယ်အရှေပိုင်းတွင်စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်အား မိုင်း ၃ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးခန့် အပြင်းအထန်ထိခိုက်သွားကြောင်းက​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက​ပြောသည်။

အင်အား ၇၀ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည့် ကလေးမြို့၊ အရှေ့ပိုင်းကံပုလဲကျေးရွာမှ ကလေးမြို့တောင်ပိုင်း နည်းပညာတက္ကသိုလ်ကို ဦးတည်စစ်ကြောင်းထိုးလာစဉ် ပေါက်ခုံရွာနှင့် ထိုမာရွာကြားတွင်ဒီဇင်ဘာ ၂၃ ရက်​နေ့လယ် ၁၂ နာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စစ်​ေ-တွေက ကျွန်တော်တို့ စိုးမိုးနယ်မြေဘက်ကို အရင်လို မလာရဲတော့ဘူး။ အခုက ပျူစောထီးရွာတွေဘက်မှာ လှုပ်ရှားနေတာ။ ဒီနောက်ပိုင်းတိုက်ခိုက်တာတွေကကျွန်တော်တို့က သူတို့ဆီ သွားတိုက်ခိုက်နေတာ”ဟုPDFက​လေးမှပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင်စစ်ကောင်စီတပ်က၁၀မိနစ်ခန့် ရမ်းကားပစ်ခတ်ခဲ့ပြီး​နောက်နည်းပညာတက္ကသိုလ်(ကလေး)ထဲကို ဝင်ရောက်သွားသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီတပ်ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကိုမျက်မြင်ဖြင့်အတည်ပြု ခဲ့ခြင်းဖြစ်သည်ဟုPDF(ကလေး)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဒီဇင်ဘာ ၂၁ ရက်ကလည်း စစ်​ကောင်စီတပ်ကိုဇင်ကလင်းကျေးရွာနှင့်ထိုမာရွာအနီးတွင် PDF(ကလေး)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့သည်။စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁၈ ရက်ကတည်းက ကလေးမြို့တောင်သာရပ်ကွက်အနီးနားရှိကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ထိုစစ်​ကြောင်းကို ဒီဇင်ဘာ၁၉ ရက်တွင်သုံးအိမ်စုကျေးရွာတွင်မိုင်း၅လုံးဖြင့် PDF(ကလေး)ကတိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာလ ၁ရက်မှ ဒီဇင်ဘာလ ၂၃ရက်အတွင်း စစ်ကောင်စီစစ်ကြောင်းအားPDFများက မိုင်းဆွဲတိုက်ခိုက်မှု ခုနှစ်ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်က ၂၀ဦးထက်မနည်းသေဆုံးနိုင်ကြောင်းက​လေးPDFက​ပြောသည်။မိုင်းဆွဲတိုက်ခိုက်မှုအတွင်းမိုင်းမတော်တဆဖြစ်ရပ်ကြောင့်PDF တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook