Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင်တိုက်ပွဲပြန်ဖြစ်

” စ,စချင်း သေနတ်သံအရင်ကြားတာ။ နောက်တော့လုံးခင်းထောင်ဘက်ကနေစစ်ကောင်စီကလက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်” ဟု၎င်းက​ပြောသည်။

(စစ်အုပ်စု အာဏာမသိမ်းခင်က ဖားကန့်မြို့တစ်​​နေရာ။ဓါတ်ပုံ-CJ)
(စစ်အုပ်စု အာဏာမသိမ်းခင်က ဖားကန့်မြို့တစ်​​နေရာ။ဓါတ်ပုံ-CJ)

ဖားကန့်တွင်ယနေ့ည တိုက်ပွဲဖြစ်နေပြီးစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ​ကြောင်းဒေသခံများကပြောသည်။

ယနေ့(ဒီဇင်လာလ ၂၃ရက်) ည၁၀ နာရီမှစ၍ သေနတ်ပစ်ခတ်သံများကြားရပြီး ယခုသတင်းရေးသားချိန် ၁၁ နာရီခန့်အထိ တိုက်ပွဲဖြစ်နေ​​ကြောင်းဒေသခံတစ်ဦးကပြောသည်။ စစ်​ကောင်စီတပ်ကို ကချင်လွတ်လပ်​ရေးတပ်မ​တော်-KIA နှင့် PDFတို့က သွား​ရောက်တိုက်ခိုက်ခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

” စ,စချင်း သေနတ်သံအရင်ကြားတာ။ နောက်တော့လုံးခင်းထောင်ဘက်ကနေစစ်ကောင်စီကလက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်” ဟု၎င်းက​ပြောသည်။

KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြားဒီဇင်ဘာလ ၆ရက်နှင့် ၇ ရက်တွင် ဖားကန့်၌ တိုက်ပွဲဖြစ်ပွားပြီး ငြိမ်သက်နေခဲ့ရာမှ ယ​​နေ့ညတွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။