Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်း ဒီချုပ်ပါတီအတွင်းရေးမှူး ဦးမြင့်ကြည် ကွယ်လွန်

ဦးမြင့်ကြည်သည် အသက်(၇၇)နှစ်အရွယ်ရှိပြီး စစ်ကိုင်းတိုင်းရှိ ၎င်း၏ နေအိမ်၌ ကွယ်လွန်​ခဲ့ခြင်းဟု ဒီချုပ်ပါတီဝင်တစ်ဦးက ပြောသည်။

ဒီချုပ်ပါတီအတွင်းရေးမှူး ဦးမြင့်ကြည်
ဒီချုပ်ပါတီအတွင်းရေးမှူး ဦးမြင့်ကြည်

စစ်ကိုင်းတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အတွင်းရေးမှူး ဦးမြင့်ကြည် (၉၆)ပါးရောဂါဖြင့် ကွယ်လွန်သွားကြောင်း အဆိုပါ ပါတီအသိုင်းအဝိုင်းက အတည်ပြုသည်။

ဦးမြင့်ကြည်သည် အသက်(၇၇)နှစ်အရွယ်ရှိပြီး စစ်ကိုင်းတိုင်းရှိ ၎င်း၏ နေအိမ်၌ ကွယ်လွန်​ခဲ့ခြင်းဟု ဒီချုပ်ပါတီဝင်တစ်ဦးက ပြောသည်။

“ဦးမြင့်ကြည်က ပါတီအပေါ်တော်တော်လေး သံယောဇဥ်ကြီးတယ်။ သူကို့ စစ်ကောင်စီက ထိန်းသိမ်းခဲ့သေးတယ်။ ပြန်လွတ်လာတာ။ အခုတော့ သူ့အိမ်မှာပဲ ဆုံးပါးတာ”ဟု ၎င်းကပြောသည်။

စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပြီးနောက် ပထမဆုံးဖမ်းဆီးခံရသူများထဲတွင် ဦးမြင့်ကြည် ပါဝင်ခဲ့သည်။ကျန်းမာရေးမကောင်းသည့်ဦးမြင့်ကြည်သည် တစ်လကြာ ထိမ်းသိမ်းခံရပြီးနောက် ပြန်လွတ်မြောက်လာခဲ့သည်။

Public Service Announcement

Public Service Announcement

“မိသားစုနဲ့အတူထပ်တူဝမ်းနည်းရပါတယ်။ ပါတီတာဝန်ကိုကျတဲ့နေရာကနေ တာဝန်ကျေတဲ့သူ အမြဲတမ်းအမှတ်ရနေပါမယ်။ ကောင်းရာမွန်ရာရောက်ပါစေ”ဟု ဒီချုပ်ပါတီဝင်လူငယ်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

Facebook