Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက သတင်းသမား​များအ​ပေါ်ပိုမိုဖိနှိပ်လာ

ဒီဇင်ဘာ ၁၆ ရက်တွင်အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၂ (က) ဖြင့်စွပ်စွဲ၍ အလုပ်နဲ့ထောင်ဒဏ် ၄နှစ်ချမှတ်ခဲ့သည်။

စစ်ကောင်စီက သတင်းသမား​ထောက်များအ​ပေါ်ပိုမိုဖိနှိပ်လာ
စစ်ကောင်စီက သတင်းသမား​ထောက်များအ​ပေါ်ပိုမိုဖိနှိပ်လာ

▪︎RSF စာရင်းအရ ကမ္ဘာ​ပေါ်တွင် သတင်း​ထောက်ဒုတိယအများဆုံးအဖမ်းခံရ​သောနိုင်ငံဖြစ်

အာဏာသိမ်းစစ်ကောင်စီကဒီဇင်ဘာလအတွင်း သတင်း​ထောက်တစ်ဦးကိုထပ်မံကိုဖမ်းဆီးခဲ့ပြီး ၊ သတင်း​ထောက် ၇ ဦးကို ထပ်တိုးထောင်ဒဏ်ချမှတ်၍ သတင်းသမားများအ​ပေါ်ဖိနှိပ်မှုထပ်တိုးလုပ်​ဆောင်ခဲ့သည်။

ဒီဇင်ဘာ ၂၅ရက်တွင် ရှမ်းပြည်နယ် တောင်ကြီး အခြေစိုက် ကမ္ဘောဇတိုင်းမ် သတင်းဌာန အယ်ဒီတာချုပ် ကိုကျော်ဇေယျကို ပဲခူးတိုင်း ကြိုပင်ကောက်နယ်ရှိ ရွာတစ်ရွာ၌ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။ စစ်​ကောင်စီ ကမ္ဘောဇတိုင်းမ် သတင်းဌာနကို ၂၀၂၁ ခုနှစ်တွင် လိုင်စင်ပိတ်သိမ်းကာသတင်းသမား​လေးဦးကိုဖမ်းဆီး​ထောင်ချခဲ့သည်။ထို​​ကြောင့် ကို​ကျော်​ဇေယျမှာ တိမ်း​ရှောင်​​နေရာ ၎င်း​​နေထိုင်ရာအိမ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်ကဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၆ရက်တွင်လည်း လွတ်ရက် စေ့ခါနီး ပြီဖြစ်သည့် ကမာရွတ် မီဒီယာပူးတွဲတည်ထောင်သူ ကိုဟံသာညိန်းကို နောက်ထပ် ထောင်ဒဏ် ၅နှစ် ချမှတ်ခဲ့သည်။ကိုဟန်သာညိန်းကို မတရားဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၂နှစ်ချမှတ်ထားရာ လွတ်ရန် လပိုင်းအလိုတွင် အီလက်ထရောနစ် ပုဒ်မ ၃၃(က)ဖြင့် ထောင်ဒဏ် ၅နှစ် ထပ်မံချမှတ်ခဲ့ခြင်းဖြစ်သည်။ပုဒ်မ ၅၀၅(က)သည်အာဏာသိမ်းပြီး​နောက် သတင်းသမားများကိုဖိနှိပ်ရန် စစ်​ကောင်စီကလိုသလို​ရေးဆွဲ ပြဌာန်းထား​သော ဥပ​ဒေပုဒ်မဖြစ်ပြီး သတင်းအမှားမျှ​ဝေမှု ​ဟုစစ်​ကောင်စီကအဓိပ္ပါယ်ဖွင့်သည်။

ထိုအပြင်စစ်ကောင်စီသည် ဒီဇင်ဘာလအတွင်း၌ပင် သတင်းထောက် ကိုကောင်းဆက်လင်း၊ မမှူးရတနာခက်မို့မို့ထွန်း ၊ ကိုဝေလင်းယု၊ မထက်ထက်အောင်၊ ကိုစိုးရာဇာထွန်းနှင့် ဦးစည်သူအောင်မြင့်တို့ကို မတရားအမှုဆင်ထားသည့် ပုဒ်မများဖြင့် ထောင်ဒဏ်များထပ်တိုး ချမှတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ၉ ရက်တွင်သတင်းစာဆရာဦးစည်သူအောင်မြင့်ကိုရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) နှင့် ထောင်ဒဏ် ၇နှစ် ထပ်မံချမှတ်ခဲ့သည်။ထို​ကြောင့် ဦးစည်သူ​အောင်မြင့်မှာစုစု​ပေါင်း ထောင်ဒဏ် ၁၂နှစ်ချမှတ်ခံထားရသည်။

ဒီဇင်ဘာ ၁၆ ရက်တွင်အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၂ (က) ဖြင့်စွပ်စွဲ၍ အလုပ်နဲ့ထောင်ဒဏ် ၄နှစ်ချမှတ်ခဲ့သည်။

အလားတူ ဒီဇင်ဘာ ၁၆ ရက်တွင်ပင်သင်္ဃန်းကျွန်းပို့စ်မီဒီယာမှ အယ်ဒီတာချုပ်ကိုဝေလင်းယုနှင့် တာဝန်ခံအယ်ဒီတာမထက်ထက်အောင်တို့ကိုပေါက်ကွဲစေတတ်သောဝတ္တုပစ္စည်းများအက်ဥပဒေပုဒ်မ ၅ ဖြင့်စွပ်စွဲ၍ အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ်စီချခဲ့သည်။

ထိုအပြင် ဒီဇင်ဘာ ၂၁ ရက်တွင် MPA(MyanmarPressphoto Agency )သတင်းထောက် ကိုကောင်းဆက်လင်း နှင့် မမှူးရတနာခက်မို့မို့ထွန်း တို့ကိုလည်းပုဒ်မ ၅၀၅-ကဖြင့်ထောင်ဒဏ် ၃ နှစ်စီချခဲ့သည်။

ပြင်သစ်အ​ခြေစိုက် နယ်စည်းမခြားသတင်း​ထောက်များအဖွဲ့၏ ထုတ်ပြန်ထား​သောအချက်အလက်များအရ ဒီဇင်ဘာ ၁၄ ရက်အထိမြန်မာသတင်း​ထောက် ၆၂ ဦး( ၂ ဦးထပ်တိုးလာပြီးဒီဇင်ဘာ လကုန်ပိုင်းတွင် ၆၄ ဦးဖြစ်လာ)ဖမ်းဆီး​ထောင်ချခံထားရပြီး ကမ္ဘာ့​ပေါ်တွင် တရုတ်ပြီးလျှင် သတင်း​ထောက်ဒုတိယအများဆုံး​ထောင်ချခံရ​သောနိုင်ငံဖြစ်သည်။တရုတ်နိုင်ငံတွင်သတင်း​ထောက်၉၉ ဦးဖမ်းဆီး​ထောင်ချခံထားရသည်။ မြန်မာပြီးလျှင်အီရန်နိုင်ငံက ၄၇ ဦးဖြင့်တတိယအများဆုံးဖြစ်သည်။ ထို့အပြင် RSF ၏ သတ်မှတ်ချက်အရ နိုင်ငံ​ပေါင်း ၁၈၀ တွင် သတင်း သတင်းစာလွတ်လပ်ခွင့်မရှိ​သောအဆိုးဆုံး ၅ နိုင်ငံ​မြောက်နိုင်ငံဖြစ်​သည်။

စစ်အုပ်စုက သတင်း​ထောက်များကို အကြမ်းဖက်မှု ၊နိုင်ငံတော်အကြည်ညိုဖျက်​စေမှုနှင့် လှုံ့ဆော်မှု၊ မမှန်သတင်းဖြန့်ဝေမှု ၊ အကြမ်းဖက်မှု စသည့် ပုဒ်မ များဖြင့်စွပ်စွဲတရားစွဲဆို​ထောင်ချခံ​နေရခြင်းဖြစ်သည်။

“မြန်မာစစ်အာဏာပိုင်​တွေကသတင်း​ထောက်​တွေကိုအဆုံးမဲ့ဖမ်းဆီးတာနဲ့ ဆက်တိုက်ထောင်သွင်းအကျဥ်းချ​နေတာက အ​တော်စိတ်ပျက်စရာ​ကောင်းပါတယ်”ဟု ဟု RSF ၏ အာရှ-ပစိဖိတ်ရေးရာဌာန အကြီးအကဲ Daniel Bastard က ပြောသည်။

စစ်အုပ်စုအာဏာသိမ်းပြီး​နောက် သတင်း​ထောက်များဖမ်းဆီး​ထောင်ချခံရမှုမှာ ၁၄၅ ဦးရှိခဲ့သည်။ထိုထဲမှ ၈၀ ​ကျော်သာပြန်လည်လွတ်​​မြောက်​လာ​သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။