Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သတင်းသမားများကို ခြိမ်းခြောက်ဖမ်းဆီးကာ အမှန်တရားဆိတ်သုဥ်းစေရန် စစ်တပ်ရည်ရွယ်လုပ်ဆောင်နေဟု မြန်မာသံအမတ်ကြီးပြော

တရားမဝင်စစ်အာဏာသိမ်းချိန်မှစ၍ စစ်တပ်သည် သတင်းဌာန (၁၂) ခုခန့်ကို ပိတ်သိမ်းစေခဲ့ပြီး သတင်းထောက် (၁၄၂) ဦး ခန့်ကို ဖမ်းဆီးခဲ့ကာ ထိုသို့ဖမ်းဆီးခံရသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း အစီရင်ခံသည်။

(၂၀၂၁ ​ဖေ​ဖော်ဝါရီတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ​ပွဲများသတင်းရယူ​နေစဥ် စစ်​ကောင်စီတပ်က အကြမ်းဖက်၍ ထွက်​ပြေးရင်း ဓာတ်ပုံရိုက်ကူး​နေ​သောသတင်း​ထောက်တစ်ဦးနှင့် ဖမ်းဆီးခံရ​သောသတင်း​ထောက်တစ်ဦး။ ဓာတ်ပုံ - ရိုက်တာ၊ AFP)

မြန်မာစစ်တပ်သည် သတင်းသမားများကို ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်ကာ အမှန်တရားကို ဆိတ်သုဥ်းစေရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

လူမဆန်သော စစ်တပ်သည် သတင်းထောက်များကို ဖမ်းဆီးချုပ်နှောင်ရုံမျှမက လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကိုပါ နည်းလမ်းစုံသုံး၍ ပစ်မှတ်ထားနေကြောင်း စက်တင်ဘာ ၁၄ ရက်တွင်ပြုလုပ်သော (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီ၌ ပြောသည်။

တရားမဝင်စစ်အာဏာသိမ်းချိန်မှစ၍ စစ်တပ်သည် သတင်းဌာန (၁၂) ခုခန့်ကို ပိတ်သိမ်းစေခဲ့ပြီး သတင်းထောက် (၁၄၂) ဦး ခန့်ကို ဖမ်းဆီးခဲ့ကာ ထိုသို့ဖမ်းဆီးခံရသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း အစီရင်ခံသည်။

(၂၀၂၁ ​ဖေ​ဖော်ဝါရီတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ​ပွဲများသတင်းရယူ​နေစဥ် စစ်​ကောင်စီတပ်က အကြမ်းဖက်၍ ထွက်​ပြေးရင်း ဓာတ်ပုံရိုက်ကူး​နေ​သောသတင်း​ထောက်တစ်ဦးနှင့် ဖမ်းဆီးခံရ​သောသတင်း​ထောက်တစ်ဦး။ ဓာတ်ပုံ - ရိုက်တာ၊ AFP)
(၂၀၂၁ ​ဖေ​ဖော်ဝါရီတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ​ပွဲများသတင်းရယူ​နေစဥ် စစ်​ကောင်စီတပ်က အကြမ်းဖက်၍ ထွက်​ပြေးရင်း ဓာတ်ပုံရိုက်ကူး​နေ​သောသတင်း​ထောက်တစ်ဦးနှင့် ဖမ်းဆီးခံရ​သောသတင်း​ထောက်တစ်ဦး။ ဓာတ်ပုံ – ရိုက်တာ၊ AFP)

အဓိကအားဖြင့် သတင်းထောက်များက မြန်မာနိုင်ငံတွင် ပကတိဖြစ်ပေါ်နေသည့် အဖြစ်အပျက်အခြေအနေမှန်များကို ဖော်ထုတ်ရန် ကြိုးစားသည်နှင့်အမျှ ရက်စက်ကြမ်းတမ်းသော စစ်တပ်က သတင်းသမားများအား ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးခြင်းများကို ပြုလုပ်ကာ အမှန်တရားကို ဆိတ်သုဉ်းစေရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်သည် သတင်းအမှားများ၊ ဝါဒဖြန့်မှုများ၊ အကြမ်းဖက်မှုအား စစ်ပွဲအင်္ဂါရပ်အဖြစ်သို့ လှုံ့ဆော်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိပြီး အထူးသဖြင့် နိုင်ငံတော်ပိုင် သတင်းမီဒီယာ၊ သတင်းစာနှင့် အချို့လူမှုကွန်ယက်စာမျက်နှာတို့ကို အသုံးပြု၍ အကြမ်းဖက်မှုများနှင့် အမုန်းပွားမှုများဖြစ်ပေါ်စေရန်အတွက် မမှန်ကန်သော သတင်းအချက်အလက်များကို ဆက်လက်ဖြန့်ဝေနေကြောင်း ၎င်းက အစီရင်ခံသည်။

ထို့အပြင် အင်တာနက်သည် လူ့အခွင့်အရေးမြှင့်တင်ရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် အရာရောက်ပြီး သတင်းအချက်အလက်များ ရှာဖွေရန်၊ လက်ခံရန်နှင့် ထုတ်ပေးရန်အတွက် အလွန်အရေးပါသော်လည်း စစ်တပ်သည် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ကန့်ကွက်မှုပြင်းထန်သော ဒေသအနှံ့အပြားတွင် အင်တာနက်ကို ရည်ရွယ်ချက်ရှိရှိ ပိတ်ခဲ့သည်။

ထို့အတွက် မြန်မာပြည်တွင်းရှိ အခြေအနေမှာ အရှိန်အဟုန်ပြင်းစွာ ဆိုးရွားလာလျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း ဒုက္ခခံစားနေရကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂသို့ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။