Connect with us

Hi, what are you looking for?

သတင်း

သတင်းသမားများကို ခြိမ်းခြောက်ဖမ်းဆီးကာ အမှန်တရားဆိတ်သုဥ်းစေရန် စစ်တပ်ရည်ရွယ်လုပ်ဆောင်နေဟု မြန်မာသံအမတ်ကြီးပြော

တရားမဝင်စစ်အာဏာသိမ်းချိန်မှစ၍ စစ်တပ်သည် သတင်းဌာန (၁၂) ခုခန့်ကို ပိတ်သိမ်းစေခဲ့ပြီး သတင်းထောက် (၁၄၂) ဦး ခန့်ကို ဖမ်းဆီးခဲ့ကာ ထိုသို့ဖမ်းဆီးခံရသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း အစီရင်ခံသည်။

(၂၀၂၁ ​ဖေ​ဖော်ဝါရီတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ​ပွဲများသတင်းရယူ​နေစဥ် စစ်​ကောင်စီတပ်က အကြမ်းဖက်၍ ထွက်​ပြေးရင်း ဓာတ်ပုံရိုက်ကူး​နေ​သောသတင်း​ထောက်တစ်ဦးနှင့် ဖမ်းဆီးခံရ​သောသတင်း​ထောက်တစ်ဦး။ ဓာတ်ပုံ - ရိုက်တာ၊ AFP)

မြန်မာစစ်တပ်သည် သတင်းသမားများကို ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်ကာ အမှန်တရားကို ဆိတ်သုဥ်းစေရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

လူမဆန်သော စစ်တပ်သည် သတင်းထောက်များကို ဖမ်းဆီးချုပ်နှောင်ရုံမျှမက လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကိုပါ နည်းလမ်းစုံသုံး၍ ပစ်မှတ်ထားနေကြောင်း စက်တင်ဘာ ၁၄ ရက်တွင်ပြုလုပ်သော (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီ၌ ပြောသည်။

တရားမဝင်စစ်အာဏာသိမ်းချိန်မှစ၍ စစ်တပ်သည် သတင်းဌာန (၁၂) ခုခန့်ကို ပိတ်သိမ်းစေခဲ့ပြီး သတင်းထောက် (၁၄၂) ဦး ခန့်ကို ဖမ်းဆီးခဲ့ကာ ထိုသို့ဖမ်းဆီးခံရသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း အစီရင်ခံသည်။

(၂၀၂၁ ​ဖေ​ဖော်ဝါရီတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ​ပွဲများသတင်းရယူ​နေစဥ် စစ်​ကောင်စီတပ်က အကြမ်းဖက်၍ ထွက်​ပြေးရင်း ဓာတ်ပုံရိုက်ကူး​နေ​သောသတင်း​ထောက်တစ်ဦးနှင့် ဖမ်းဆီးခံရ​သောသတင်း​ထောက်တစ်ဦး။ ဓာတ်ပုံ - ရိုက်တာ၊ AFP)
(၂၀၂၁ ​ဖေ​ဖော်ဝါရီတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ​ပွဲများသတင်းရယူ​နေစဥ် စစ်​ကောင်စီတပ်က အကြမ်းဖက်၍ ထွက်​ပြေးရင်း ဓာတ်ပုံရိုက်ကူး​နေ​သောသတင်း​ထောက်တစ်ဦးနှင့် ဖမ်းဆီးခံရ​သောသတင်း​ထောက်တစ်ဦး။ ဓာတ်ပုံ – ရိုက်တာ၊ AFP)

အဓိကအားဖြင့် သတင်းထောက်များက မြန်မာနိုင်ငံတွင် ပကတိဖြစ်ပေါ်နေသည့် အဖြစ်အပျက်အခြေအနေမှန်များကို ဖော်ထုတ်ရန် ကြိုးစားသည်နှင့်အမျှ ရက်စက်ကြမ်းတမ်းသော စစ်တပ်က သတင်းသမားများအား ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးခြင်းများကို ပြုလုပ်ကာ အမှန်တရားကို ဆိတ်သုဉ်းစေရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်သည် သတင်းအမှားများ၊ ဝါဒဖြန့်မှုများ၊ အကြမ်းဖက်မှုအား စစ်ပွဲအင်္ဂါရပ်အဖြစ်သို့ လှုံ့ဆော်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိပြီး အထူးသဖြင့် နိုင်ငံတော်ပိုင် သတင်းမီဒီယာ၊ သတင်းစာနှင့် အချို့လူမှုကွန်ယက်စာမျက်နှာတို့ကို အသုံးပြု၍ အကြမ်းဖက်မှုများနှင့် အမုန်းပွားမှုများဖြစ်ပေါ်စေရန်အတွက် မမှန်ကန်သော သတင်းအချက်အလက်များကို ဆက်လက်ဖြန့်ဝေနေကြောင်း ၎င်းက အစီရင်ခံသည်။

ထို့အပြင် အင်တာနက်သည် လူ့အခွင့်အရေးမြှင့်တင်ရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် အရာရောက်ပြီး သတင်းအချက်အလက်များ ရှာဖွေရန်၊ လက်ခံရန်နှင့် ထုတ်ပေးရန်အတွက် အလွန်အရေးပါသော်လည်း စစ်တပ်သည် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ကန့်ကွက်မှုပြင်းထန်သော ဒေသအနှံ့အပြားတွင် အင်တာနက်ကို ရည်ရွယ်ချက်ရှိရှိ ပိတ်ခဲ့သည်။

ထို့အတွက် မြန်မာပြည်တွင်းရှိ အခြေအနေမှာ အရှိန်အဟုန်ပြင်းစွာ ဆိုးရွားလာလျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း ဒုက္ခခံစားနေရကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂသို့ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။