Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်နယ် ရွာစဥ်ပတ်မီးရှို့ပြန်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်းအား တကောင်း PDF တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိနိုင်

မိုင်းဆွဲတိုက်ခိုက်ရာတွင် စစ်ကောင်စီယာဉ်တန်းမှ နှစ်စီးမြောက် ဖောကားတစ်စီး မိုင်းထိခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြား ဒဏ်ရာရနိုင်ကာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း တကောင်း PDF က ပြောသည်။

(တကောင်း PDF မှ တော်လှန်ရေးရဲဘော်အချို့အား တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)
(တကောင်း PDF မှ တော်လှန်ရေးရဲဘော်အချို့အား တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)

ထီးချိုင့်မြို့နယ်အတွင်း ရွာစဥ်ပတ်မီးရှို့ဖျက်ဆီးပြီး ပြန်လာသော စစ်ကောင်စီလက်အောက်ခံ တပ်မ (၈၈)ယာဥ်တန်းအား သပိတ်ကျင်းမြို့နယ်သို့အဖြတ်တွင် မိုင်းငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း တကောင်း PDFက ပြောသည်။

ယနေ့နံနက် ၆ နာရီခွဲခန့်က ထီးချိုင့်မြို့နယ်ရှိ ကျေးရွာများအား ဝင်ရောက်မွှေနှောက်ပြီး ဖောကာ (၆)စီး၊ တွဲကားတစ်စီးဖြင့် ပြန်လာသော စစ်ကောင်စီတပ်ယာဥ်တန်းအား သပိတ်ကျင်းမြို့နယ် တောင်တလုံးရွာနှင့် အင်ပျံရွာကြားတွင် အဒေသာမိုင်း သုံးလုံး၊ ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ရာတွင် စစ်ကောင်စီယာဉ်တန်းမှ နှစ်စီးမြောက် ဖောကားတစ်စီး မိုင်းထိခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြား ဒဏ်ရာရနိုင်ကာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း တကောင်း PDF က ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ခိုက်မှုအတွင်း တကောင်း PDFမှ တော် လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“အဓိကပြောချင်တာက စကစ ယာဉ်တန်းတွေနဲ့ပြည်သူတွေဝေးဝေးနေဖို့ အချိန်လွန်ရင်ကားလမ်းအသုံးမပြုကြဖို့ အိမ်စီးကားတွေမှန်ချမောင်းပေးဖို့ပါပဲ။ အဲလိုမှ မဟုတ်ရင် လုပ်ငန်းလုပ်ရတာ အဆင်မပြေပါဘူး”ဟု တကောင်း PDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ လမ်းပိုင်းများကိုသတ်မှတ်ထားသောအချိန်အတွင်းသာ အသုံးပြုပေးကြရန်၊ အိမ်စီးကားများ မှန်ချမောင်နှင်ပေးကြရန်နှင့် သတ်မှတ်ချိန်ကျော်လွန်ပါက မိုင်းဆွဲမှုပြုလုပ်မည်ဖြစ်ပြီး အသက်အန္တရာယ်အား လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း တကောင်း PDFက ထပ်လောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။