Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်နယ် ရွာစဥ်ပတ်မီးရှို့ပြန်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်းအား တကောင်း PDF တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိနိုင်

မိုင်းဆွဲတိုက်ခိုက်ရာတွင် စစ်ကောင်စီယာဉ်တန်းမှ နှစ်စီးမြောက် ဖောကားတစ်စီး မိုင်းထိခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြား ဒဏ်ရာရနိုင်ကာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း တကောင်း PDF က ပြောသည်။

(တကောင်း PDF မှ တော်လှန်ရေးရဲဘော်အချို့အား တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)
(တကောင်း PDF မှ တော်လှန်ရေးရဲဘော်အချို့အား တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)

ထီးချိုင့်မြို့နယ်အတွင်း ရွာစဥ်ပတ်မီးရှို့ဖျက်ဆီးပြီး ပြန်လာသော စစ်ကောင်စီလက်အောက်ခံ တပ်မ (၈၈)ယာဥ်တန်းအား သပိတ်ကျင်းမြို့နယ်သို့အဖြတ်တွင် မိုင်းငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း တကောင်း PDFက ပြောသည်။

ယနေ့နံနက် ၆ နာရီခွဲခန့်က ထီးချိုင့်မြို့နယ်ရှိ ကျေးရွာများအား ဝင်ရောက်မွှေနှောက်ပြီး ဖောကာ (၆)စီး၊ တွဲကားတစ်စီးဖြင့် ပြန်လာသော စစ်ကောင်စီတပ်ယာဥ်တန်းအား သပိတ်ကျင်းမြို့နယ် တောင်တလုံးရွာနှင့် အင်ပျံရွာကြားတွင် အဒေသာမိုင်း သုံးလုံး၊ ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ရာတွင် စစ်ကောင်စီယာဉ်တန်းမှ နှစ်စီးမြောက် ဖောကားတစ်စီး မိုင်းထိခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြား ဒဏ်ရာရနိုင်ကာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း တကောင်း PDF က ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ခိုက်မှုအတွင်း တကောင်း PDFမှ တော် လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“အဓိကပြောချင်တာက စကစ ယာဉ်တန်းတွေနဲ့ပြည်သူတွေဝေးဝေးနေဖို့ အချိန်လွန်ရင်ကားလမ်းအသုံးမပြုကြဖို့ အိမ်စီးကားတွေမှန်ချမောင်းပေးဖို့ပါပဲ။ အဲလိုမှ မဟုတ်ရင် လုပ်ငန်းလုပ်ရတာ အဆင်မပြေပါဘူး”ဟု တကောင်း PDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ လမ်းပိုင်းများကိုသတ်မှတ်ထားသောအချိန်အတွင်းသာ အသုံးပြုပေးကြရန်၊ အိမ်စီးကားများ မှန်ချမောင်နှင်ပေးကြရန်နှင့် သတ်မှတ်ချိန်ကျော်လွန်ပါက မိုင်းဆွဲမှုပြုလုပ်မည်ဖြစ်ပြီး အသက်အန္တရာယ်အား လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း တကောင်း PDFက ထပ်လောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။