Connect with us

Hi, what are you looking for?

News

အကြမ်းဖက်မြန်မာစစ်တပ်ကို ယူကရိန်းက စစ်လက်နက်များဆက်လက်ပံ့ပိုးပေးနေ

ပို့ကုန်မှတ်တမ်းတွေနဲ့ မကြာခင်ကပေါက်ကြားလာတဲ့ စာရွက်စာတမ်းများအရ ၂၀၁၅ ကစပြီး ယူကရိန်းဟာ လေယာဉ်တွေ၊ သင်္ဘောတွေ၊ တင့်ကားအစိတ်အပိုင်းတွေကို တင်ပို့ခဲ့တာကို တွေ့ရှိခဲ့တယ်လို့ Justice for Myanmar က ဆိုပါတယ်။

ယူကရိန်းနိုင်ငံဟာ အကြမ်းဖက်မြန်မာစစ်တပ်ကို စစ်လက်နက်များ ပံ့ပိုးပေးအပ်မှုကို ဆက်လက်လုပ်ဆောင်နေတယ်လို့ Justice for Myanmar အဖွဲ့က မနေ့ကထုတ်ပြန်ပါတယ်။

ပို့ကုန်မှတ်တမ်းတွေနဲ့ မကြာခင်ကပေါက်ကြားလာတဲ့ စာရွက်စာတမ်းများအရ ၂၀၁၅ ကစပြီး ယူကရိန်းဟာ လေယာဉ်တွေ၊ သင်္ဘောတွေ၊ တင့်ကားအစိတ်အပိုင်းတွေကို တင်ပို့ခဲ့တာကို တွေ့ရှိခဲ့တယ်လို့ Justice for Myanmar က ဆိုပါတယ်။

လေကြောင်း ထောက်လှမ်းရေး ရေဒါတွေကိုလည်း မြန်မာစစ်တပ်နဲ့ ပုဂ္ဂလိကမြန်မာစစ်လက်နက်ပွဲစားတွေထံ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ယူကရိန်းဟာ မြန်မာနိုင်ငံအပေါ် ယခုချက်ချင်းစစ်လက်နက်ရောင်းချမှုပို့ဆို့ရေးကို ပြဌာန်း လုပ်ဆောင်ဖို့နဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှုတွေကို ဖြတ်တောက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဆက်တည်းမှာ ယူကရိန်းကို စစ်ဘက်အကူအညီပေးသူများ၊ အထူးသဖြင့် အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ဗြိတိန်တို့အနေနဲ့ နိုင်ငံတကာဥပဒေတွေနဲ့ စံနှုန်းတွေကို ယူကရိန်းအား လိုက်နာစေရေး ၎င်းတို့၏ ဩဇာအရှိန်အဝါကို အသုံးပြုဖို့လည်း တောင်းဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုဌာနနဲ့ ယူကရိန်းနိုင်ငံပိုင် စစ်လက်နက် စီးပွားရေးလုပ်ငန်းစုတွေဖြစ်တဲ့ Ukroboronprom နဲ့ Ukrspecexport တို့ ပါဝင်နေတဲ့ BTR-4 စစ်သည်တင်သံချပ်ကာယာဉ်များ၊ MMT-40 အပေါ့စားတင့်ကားများနဲ့ 2SIU ဟောင်ဝဇ္ဇာများ ထုတ်လုပ်ရေး ပူးတွဲစီမံကိန်းဟာ အထူးစိုးရိမ်ဖွယ်ကိစ္စရပ်ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

အဲဒီစစ်လက်နက်ပစ္စည်းများဟာ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို လောင်စာဖြည့်ပေးပြီး စစ်လက်နက်တင်ပို့ ရောင်းချမှုတွေကတဆင့် မြန်မာစစ်တပ်အတွက် အနာဂတ်ဝင်ငွေရင်းမြစ်လည်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ယူကရိန်းအတွက် မြန်မာ့အကြီးဆုံးစစ်လက်နက်ပွဲစားဟာ အောင်လှိုင်ဦးဖြစ်ပြီး သူ့ကို ယူကရိန်းက မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ချီးမြှင့်ထားပါတယ်။ ယူကရိန်းဟာ အောင်လှိုင်ဦးကို အဲဒီရာထူးကနေ မဖြစ်မနေ ဖယ်ရှားရမယ်လို့ Justice for Myanmar က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။