Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အသုံးစရိတ် ကျပ်ဘီလီယံ ၄၄၀ ကျော်ထပ်သုံးမယ်

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့အသုံးစရိတ်ဟာ နှစ်စဉ်ဆိုသလို ပညာရေး ၊ကျန်းမာရေး ကဏ္ဍ ၂ ရပ်မှာ သုံးစွဲမယ့် ပမာဏထက်များပါတယ်။

စစ်ကောင်စီခေါင်းဆောင်ကို လေတပ်အခမ်းအနားမှာတွေ့ရစဉ်
စစ်ကောင်စီခေါင်းဆောင်ကို လေတပ်အခမ်းအနားမှာတွေ့ရစဉ်

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တော်လှန်ပုန်ကန်မှုကိုရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ဘတ်ဂျက်နှစ် ကုန်ခါနီး ၃ လအလိုမှာ စစ်တပ်အသုံးစရိတ် ကျပ်ဘီလီယံ ၄၄၀ ကျော် ထပ်မံသုံးစွဲမယ်လို့ ကြေညာပါတယ်။

ဒီနှစ်ဘတ်ဂျက်ရဲ့ နောက်တိုးဘတ်ဂျက်မှာ ဝန်ကြီးဌာနတွေနဲ့ ဦးစီးဌာနတွေအတွက် စစ်ကောင်စီက ကျပ်ဘီလီယံ ၁,၁၀၀ ကျော်သုံးစွဲမယ်လို့ ဒီဇင်ဘာလ ၂၉ ရက်ထုတ် စစ်ကောင်စီသတင်းစာမှာဖော်ပြပါတယ်။

အဲဒီဘီလီယံ ၁,၁၀၀ ကျော်ထဲက ၃ ပုံ ၁ပုံကျော်ကို စစ်တပ်အသုံးစရိတ်အတွက် သုံးစွဲမှာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကတင် စစ်တပ်အသုံးစရိတ် ကျပ်ဘီလီယံ ၃၇၀၀ ကျော် သုံးစွဲဖို့ စစ်ကောင်စီခေါင်းဆောင်က ကိုယ်တိုင်လက်မှတ်ထိုးပြီး ခွင့်ပြုပေးခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် လာမယ့်နှစ် မတ်လကုန်အထိသာ သက်တမ်းရှိမယ့် ၂၀၂၂ − ၂၀၂၃ ဘတ်ဂျက်နှစ် တစ်နှစ်လုံး မှာ စစ်တပ်အသုံးစရိတ်ဟာ ဘီလီယံ ၄၀၀၀ ကျော်ထိ ဖြစ်သွားပါတယ်။

ဒီလို စစ်အသုံးစရိတ် တိုးမြှင့် သုံးစွဲတဲ့ စစ်ကောင်စီဟာ တိုင်းပြည်အတွက်အရေးကြီး တဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်ကိုတော့အနည်းငယ်သာသုံးပြီးလျစ်လျုရှုထားပါတယ်။

နောက်တိုးဘတ်ဂျက်မှာ ကျန်းမာရေးအသုံးစရိတ် ကျပ်သန်း ၁,၂၀၀ သာရှိပြီး ပညာရေးအသုံးစရိတ်ဟာလည်း ကျပ်သန်း ၉၇,၀၀၀ သာ စစ်ကောင်စီက သုံးမှာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့အသုံးစရိတ်ဟာ နှစ်စဉ်ဆိုသလို ပညာရေး ၊ကျန်းမာရေး ကဏ္ဍ ၂ ရပ်မှာ သုံးစွဲမယ့် ပမာဏထက်များပါတယ်။

စစ်အာဏာမသိမ်းခင်က NLD အစိုးရ နောက်ဆုံးရေးဆွဲခဲ့တဲ့ ၂၀၂၀ − ၂၁ ဘတ်ဂျက်မှာဆိုရင် စစ်တပ်အသုံးစရိတ်ဟာ ကျပ်ဘီလီယံ ၃၄၀၀ ကျော်ရှိခဲ့ပါတယ်။

ဘတ်ဂျက်ကို စိစစ်ဖြတ်တောက်တဲ့ လွှတ်တော်မရှိတဲ့ အာဏာသိမ်းကာလ မှာစစ်အုပ်စုဟာ ဘတ်ဂျက်ကို စိတ်ကြိုက်ရေးဆွဲခွင့်ရနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook