Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်၊ ရန်ကုန်နဲ့မန္တလေးမှာ နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့် စစ်ကောင်စီရုတ်သိမ်း

နှစ်သစ်ကူးပွဲကိုနေပြည်တော်မှာဆိုရင် ရေပန်းဥယျာဉ် ၊ရန်ကုန် မှာ ပြည်သူရင်ပြင်နဲ့ မန္တလေးမှာ မန္တလာသီရိအားကစားကွင်း တွေမှာ စည်ကားအောင်ကျင်းပဖို့စစ်ကောင်စီက စီစဉ်ထားတာပါ။

နေပြည်တော် ၊ရန်ကုန်နဲ့မန္တလေးမှာ နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့် စစ်ကောင်စီရုတ်သိမ်း
နေပြည်တော် ၊ရန်ကုန်နဲ့မန္တလေးမှာ နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့် စစ်ကောင်စီရုတ်သိမ်း

နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ နှစ်သစ်ကူး ပွဲကျင်းပဖို့ဆိုပြီး စစ်ကောင်စီ က ဒီဇင်ဘာလ၃၁ ရက် တစ်ညသာ ညမထွက်ရအမိန့်ကို ရုတ်သိမ်းလိုက်ပါတယ်။

နှစ်သစ်ကူးပွဲကိုနေပြည်တော်မှာဆိုရင် ရေပန်းဥယျာဉ် ၊ရန်ကုန် မှာ ပြည်သူရင်ပြင်နဲ့ မန္တလေးမှာ မန္တလာသီရိအားကစားကွင်း တွေမှာ စည်ကားအောင်ကျင်းပဖို့စစ်ကောင်စီက စီစဉ်ထားတာပါ။

လူစည်ကားအောင် စတိတ်ရှိုးအပြင် မီးရှုး မီးပန်းပစ်ဖောက်မယ့်အစီအစဉ်တွေကို စစ်ကောင်စီက စီစဉ်ထားပြီး ညမထွက်ရအမိန့်ကိုပါ တပါတည်း ခေတ္တရုတ်သိမ်းပေးပါသေးတယ်။

ဒီလို ညမထွက်ရအမိန့်ကို ရုတ်သိမ်းပြီး နှစ်သစ်ကူးပွဲကျင်းပတာဟာ မူမမှန်ဘူးလို့ တော်လှန်ရေးအဖွဲ့တွေက ထုတ်ဖော်ပြောဆိုထားကြပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန် ကျောက်မြောင်းပွဲဈေးမှာ ဗုံးပေါက်ကွဲတာမျိုး ရှိခဲ့ပြီး စစ်ကောင်စီက PDF လက်ချက်လို့စွပ်စွဲထားပါတယ်။

ဒါကြောင့် လာမယ့်နှစ်သစ်ကူးမှာ လူစည်ကားရာနေရာတွေမှာပေါက်ကွဲမှု ဖြစ်နိုင်ခြေရှိပြီး တော်လှန်ရေးကို ပုံဖျက်တာတွေရှိလာနိုင်တယ်လို့လည်း တော်လှန်ရေးအင်အားစုတွေက အသိပေးထားကြပါတယ်။

ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးနဲ့ ဗြိတိန်သံရုံးတွေကလည်း အထင်ကရ ရုံးပိတ်ရက်တွေမှာ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်လို့လူစည်ကားရာနေတွေကိုရှောင်ရှားကြဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။