Connect with us

Hi, what are you looking for?

သတင်း

မြို့သစ်မြို့နယ် တိုက်ပွဲ၌ စရဖအရာရှိ၊ SNA နှင့် ပျူစောထီး တပ်ဖွဲ့ဝင် ၇ဦးအားရှင်းလင်းနိုင်ခဲ့ဟု တမူးPDF တပ်ရင်း(၁)တာဝန်ရှိသူ​ပြော

“စကစနဲ့လက်အောက်ခံတွေကို ကိုယ့်ဘက်ကအထိအခိုက်မရှိ ရှင်းလင်းနိုင်တဲ့အပြင် လက်နက်တွေပါသိမ်းနိုင်ခဲ့လို့ပျော်တာပေါ့ဗျာ။စကစနဲ့ပူးပေါင်းသူမှန်သမျှကို ပြတ်ပြတ်သားသားတိုက်ခိုက်ရှင်းသွားမယ်”ဟု တမူး-တပ်ရင်း-၁ တာဝန်ရှိသူကပြောသည်။

(ပျူ အုပ်စုထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-တမူးPDF)
(ပျူ အုပ်စုထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-တမူးPDF)

▪︎လက်နက် ၇လက်နှင့် ကျည်၊ ခဲယမ်းများတမူးPDFရရှိ

စစ်ကိုင်းတိုင်း တမူးခရိုင်အထက်ပိုင်း မြို့သစ်မြို့နယ် အတွင်း၌ စစ်ကောင်စီလက်အောက်ခံများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ အရာရှိ အပါအဝင် စစ်ကောင်စီ လက်ပါးစေ ၇ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ၎င်းတို့၏ လက်နက်များကို ရရှိခဲ့ကြောင်း တမူးပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်း(၁)မှ တာဝန်ရှိသူက​ပြောသည်။

တမူး PDF တပ်ရင်း(၁) ၊KNA(Burma)နှင့်KCNDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် မြို့သစ်မြို့နယ်အတွင်း၌ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဒီဇင်ဘာ ၂၈ရက် နံနက်ပိုင်း၌ စစ်ကောင်စီလက်အောက်ခံ SNAနှင့် ပျူစောထီးအဖွဲ့ဝင်(၇)ဦး မောင်းနှင်လိုက်ပါလာသည့် ကားတစ်စီးနှင့်ထိပ်တိုက်တွေ့ဆုံကာ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကားကို မိုင်းတစ်လုံးဆွဲပြီး အနီးကပ် ဝင်ပစ်ကြခြင်းဖြစ်သည်ဟု တမူး-PDFတပ်ရင်း-၁ တာဝန်ရှိသူကပြောသည်။

“စကစနဲ့လက်အောက်ခံတွေကို ကိုယ့်ဘက်ကအထိအခိုက်မရှိ ရှင်းလင်းနိုင်တဲ့အပြင် လက်နက်တွေပါသိမ်းနိုင်ခဲ့လို့ပျော်တာပေါ့ဗျာ။စကစနဲ့ပူးပေါင်းသူမှန်သမျှကို ပြတ်ပြတ်သားသားတိုက်ခိုက်ရှင်းသွားမယ်”ဟု တမူး-တပ်ရင်း-၁ တာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲတွင်စရဖ အရာရှိ မောင်ဇော်(ခ)မုတ်ဆိတ်၊SNA တပ်သားစုဆောင်းရေးနှင့် ဘဏ္ဍာရေးတာဝန်ခံ ဝင်းအောင်၊SNAဗိုလ် သက်စိုးနိုင်(ခ)သိန်းစိုးနိုင်၊ပျူစောထီးခေါင်းဆောင် ငြိမ်းမောင်မောင်၊ကျော်ထူး၊မျိုးသူနှင့်ပျူအဖွဲ့ဝင်တစ်ဦး စုစုပေါင်း ၇ဦးကို သုတ်သင်နိုင်ခဲ့ကြောင်းသိရသည်။

ထို့အပြင် (၄၀)မမ(၁)လက်နှင့် ၄၀မမ ဗုံးသီး(၁၄)လုံး၊M4-16(၁)လက်၊AK-47(၁)လက်၊M-92(၁)၊81 (၁)လက်၊9mm ပစ္စတို(၁)လက်၊380 ပစ္စတို(၁)လက်၊ ကျည်အိမ်(၆)ခု၊ 7.62mmကျည်(၉၅)တောင့်၊ 9mmကျည်(၄)တောင့်၊380ကျည်(၄)တောင့်နှင့်ဆက်သွယ်ရေးစကားပြောစက်(၁)လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံနှင့်အတူ ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးထားသည်။

နောင်တွင်လည်း မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ရက် ညနေပိုင်းကလည်း တမူးမြို့ မြို့မ (၁၂)ရပ်ကွက်မှ ပျူစောထီး အဖွဲ့ဝင် ဇော်ဝင်းမြင့် ကို ဆိုင်ကယ်စီးလာသူ ၂ဦးက ပစ်ခတ်ရှင်းလင်းခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး ယမန်နေ့ ဒီဇင်ဘာ ၃၀ရက်တွင် တမူးမြို့ နမ့်ဖာလုံစျေး ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုချစ်စမ်းမောင်နှင့် ဇနီးကို မြို့မ (၁၂) ရပ်ကွက်မှ ပျူစောထီးခေါင်းဆောင် ပန်းချီချမ်းမြေ့ ခေါင်းဆောင်သည့် ပျူစောထီးအဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု တမူး PDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။