Connect with us

Hi, what are you looking for?

News

မြို့သစ်မြို့နယ်ရှိ အုပ်ချုပ်ရေးမှူးတစ်ဦးကို ရှင်းလင်းပြီး ကျန်အုပ်ချုပ်ရေးမှူးများ နှစ်ပတ်အတွင်း နှုတ်ထွက်ရန် ဗိဿနိုး PDF သတိပေး

မြို့သစ်မြို့နယ်ရှိ စစ်ကောင်စီက ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများအနေဖြင့် ယနေ့မှစပြီး ၁၄ရက်အတွင်း မိမိအသိစိတ်ဖြင့် နှုတ်ထွက်ကြရန်လည်း ဗိဿနိုးနယ်မြေ PDFက သတိပေးထားသည်။

မကွေးတိုင်း မြို့သစ်မြို့နယ် တပ်ကုန်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး ဒလန် ဉာဏ်မြင့်အား ယနေ့(နိုဝင်ဘာ ၁ရက်) နံနက်တွင် သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ် ရေးတပ်မတော်(PDF)က ထုတ်ပြန်သည်။

မြို့သစ်မြို့နယ်ရှိ စစ်ကောင်စီက ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများအနေဖြင့် ယနေ့မှစပြီး ၁၄ရက်အတွင်း မိမိအသိစိတ်ဖြင့် နှုတ်ထွက်ကြရန်လည်း ဗိဿနိုးနယ်မြေ PDFက သတိပေးထားသည်။

သို့သော် နှုတ်ထွက်ခြင်းမရှိသော အုပ်ချုပ်ရေးမှူးများ၏အသက်အိုးအိမ်စည်းစိမ်များအား လုံးဝ တာဝန်ယူမည် မဟုတ်ဟု လည်း ဗိဿနိုးနယ်မြေ PDF၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဗိဿနိုးနယ်မြေ PDFသည် တောင်တွင်းကြီး၊ မကွေး၊ မြို့သစ် မြို့နယ်များသာကမ ကျောက်ပန်းတောင်း အပါအဝင် မန္တလေးတိုင်းအတွင်းရှိ မြို့ နယ်များရှိ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး စစ်ကောင်စီ ပစ်မှတ်များအား တိုက်ခိုက်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။