Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ခုနစ်ဦးသေဟုဆို

ယမန်နေ့ညဦးပိုင်းက စစ်ကောင်စီအမြှောက်တပ် (၃၀၆)တပ်ရင်းမှ စစ်ကောင်စီတပ်သားများ အရက်ဝယ်ထွက်လာစဥ် ကဒဲလိပ်ကျေးရွာအနီး လမ်းပိုင်းတစ်နေရာ၌ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ လေးဦးသေဆုံးသည်ဟု ဒေသခံများက ဆိုသည်။

(ဒေသကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဥ်)
(ဒေသကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဥ်)

စစ်သေနတ်တစ်လက် သိမ်းဆည်းရရှိ

တနင်္သာရီမြို့နယ်တွင် ယမန်နေ့(ဒီဇင်ဘာ ၃၁) ညပိုင်းက နှစ်သစ်ကူးညပျော်ပါးသောက်စားရန် စျေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သားများကို PDF ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ညဦးပိုင်းက စစ်ကောင်စီအမြှောက်တပ် (၃၀၆)တပ်ရင်းမှ စစ်ကောင်စီတပ်သားများ အရက်ဝယ်ထွက်လာစဥ် ကဒဲလိပ်ကျေးရွာအနီး လမ်းပိုင်းတစ်နေရာ၌ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ လေးဦးသေဆုံးသည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် ယနေ့(ဇန်နဝါရီ ၁)နံနက် ၆ နာရီခန့်က တနင်္သာရီမြို့နယ် ပြည်ထောင်စုလမ်းမကြီး ဗာဓိကုန်းတံတားအနီး ခြေကျင်လျှောက်လာသော စစ်ကောင်စီတပ်သားခြောက်ဦးကို မြိတ်ခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ (၁)နှင့် (၂)အပါအဝင် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီး လက်ဦးမှုယူတိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း (၂)မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားသုံးဦးသေဆုံးကာ စစ်သေနတ်တစ်လက်ကို စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရရှိခဲ့သည်ဟု အထက်ပါရဲဘော်က ဆိုသည်။

Public Service Announcement

Public Service Announcement

“မြေပြင် အခြေအနေမငြိမ်သေးလို့ အသေးစိပ်မပြောနိုင်သေးပါဘူး ခင်ဗျာ”ဟု မြိတ်ခရိုင်တပ်ရင်း (၂) တနင်္သာရီ(ပ.က.ဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့နံနက် ၁၁နာရီကျော်က တနင်္သာရီမြို့ နယ် ညောင်ပင်ကွင်းကျေးရွာအနီးသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသောကြောင့် ဒေသကာကွယ်ရေး PDFတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။