Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ကို ​ဒေသခံ​တော်လှန်​ရေးအအဖွဲ့များမိုင်းဆွဲ ၄ဦးသေ၊ ၂ဦးဒဏ်ရာရဟုတာဝန်ရှိသူ​ပြော

အဆိုပါစစ်ဆင်​ရေးကိုတနင်္သာရီ-ပကဖမှတနင်္သာရီပျောက်ကြားအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၂) ၊ ကျွန်းစု ပကဖနှင့် မြိတ် ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မြိတ်က ထုတ်ပြန်ထားသည်။

(စစ်​ကောင်စီတပ်​သေဆုံး၊ဒဏ်ရာရသူအချို့ထံမှ တံဆိပ်အချို့က PDF ၏ဖိနပ်တွင်တပ်ဆင်ထားစဥ်။ ဓါတ်ပုံ-မြိတ်ပကဖ)
(စစ်​ကောင်စီတပ်​သေဆုံး၊ဒဏ်ရာရသူအချို့ထံမှ တံဆိပ်အချို့က PDF ၏ဖိနပ်တွင်တပ်ဆင်ထားစဥ်။ ဓါတ်ပုံ-မြိတ်ပကဖ)

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာ၊ကျောက်ပုဇွန်တောင်နှင့် သကျက်တောင်ကြားတွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ အနည်းဆုံး လေးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု တနင်္သာရီကာကွယ်ရေးပျောက်ကြားအဖွဲ့တာဝန်ရှိသူကပြောသည်။

အဆိုပါစစ်ကြောင်းသည် နိုဝင်ဘာ ၂၅ ရက်မှ နိုဝင်ဘာ ၂၇ ရက် အထိလယ်သစ်ရွာတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် သုံးရက်တာ တိုက်ပွဲဖြစ်ပွားပြီး​နောက် ပြန်လည်ထွက်ခွာစဉ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စကစအပါအဝင်ပျူစောထီးတွေစစ်ကြောင်းဒုတိယအကြိမ်ထိုးလာစဉ်မှာကျွန်တော်တို့ကလမ်းကနေစောင့်ပြီးတိုက်ခိုက်ခဲ့တာပါ”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များမိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်က ၄ ဦးသေဆုံးပြီး၊နှစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကာစစ်တပ်က အလောင်းများကိုကားဖြင့်လာသယ်သွားသည်ဟု၎င်းကဆက်​ပြောသည်။စစ်​ကောင်စီတပ်​သေဆုံး ထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

Public Service Announcement

Public Service Announcement

“ဒဏ်ရာရသူကို ဝါရစ်ဂျိုးတောင်ရွာမှာ ဆေးကုနေပါတယ်။ခြေထောက်ပြတ်တစ်ယောက်ပါသွားပါတယ်”ဟုတနင်္သာရီကာကွယ်ရေးပျောက်ကြားအဖွဲ့တာဝန်ရှိသူကပြောသည်။

​တော်လှန်​ရေးတပ်ဖွဲ့များထိ့ခိုက်မှုမရှိခဲ့ဟုလည်း မြိတ်ပကဖကထုတ်ပြန်သည်။

အဆိုပါစစ်ဆင်​ရေးကိုတနင်္သာရီ-ပကဖမှတနင်္သာရီပျောက်ကြားအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၂) ၊ ကျွန်းစု ပကဖနှင့် မြိတ် ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မြိတ်က ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ကျေးရွာအတွင်းနေရာယူထားပြီး ဘုန်ကြီးကျောင်းနှင့်နေအိမ်များကိုအမှီပြုကာ လက်နက်ကြီးများ တပ်ဆင်ထားသည်ဟု ​ဒေသခံအချို့ကပြောသည်။

တိုက်ပွဲပြင်းထန်နေခြင်းကြောင့် အနီးနားကျေးရွာများမှ အိမ်ထောင်စု ၅၀၀ကျော်စစ်ဘေးရှောင်နေရသည်ဟု ​ဒေသခံက​ပြောသည်။

မကြာခင် စစ်ရေးပိုမိုပြင်းထန်လာနိုင်ပြီးနှစ်ဖက်လုံးမှ အင်အားများထပ်မံဖြည့်တင်းနေ၍ ပြည်သူများ ​ဘေးအန္တရာယ်ကင်း​အောင် ဂရုပြူ​နေထိုင်ကြရန် တနင်္သာရီကာကွယ်ရေးပျောက်ကြားအဖွဲ့တာဝန်ရှိသူကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။