Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ကို ​ဒေသခံ​တော်လှန်​ရေးအအဖွဲ့များမိုင်းဆွဲ ၄ဦးသေ၊ ၂ဦးဒဏ်ရာရဟုတာဝန်ရှိသူ​ပြော

အဆိုပါစစ်ဆင်​ရေးကိုတနင်္သာရီ-ပကဖမှတနင်္သာရီပျောက်ကြားအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၂) ၊ ကျွန်းစု ပကဖနှင့် မြိတ် ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မြိတ်က ထုတ်ပြန်ထားသည်။

(စစ်​ကောင်စီတပ်​သေဆုံး၊ဒဏ်ရာရသူအချို့ထံမှ တံဆိပ်အချို့က PDF ၏ဖိနပ်တွင်တပ်ဆင်ထားစဥ်။ ဓါတ်ပုံ-မြိတ်ပကဖ)
(စစ်​ကောင်စီတပ်​သေဆုံး၊ဒဏ်ရာရသူအချို့ထံမှ တံဆိပ်အချို့က PDF ၏ဖိနပ်တွင်တပ်ဆင်ထားစဥ်။ ဓါတ်ပုံ-မြိတ်ပကဖ)

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာ၊ကျောက်ပုဇွန်တောင်နှင့် သကျက်တောင်ကြားတွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ အနည်းဆုံး လေးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု တနင်္သာရီကာကွယ်ရေးပျောက်ကြားအဖွဲ့တာဝန်ရှိသူကပြောသည်။

အဆိုပါစစ်ကြောင်းသည် နိုဝင်ဘာ ၂၅ ရက်မှ နိုဝင်ဘာ ၂၇ ရက် အထိလယ်သစ်ရွာတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် သုံးရက်တာ တိုက်ပွဲဖြစ်ပွားပြီး​နောက် ပြန်လည်ထွက်ခွာစဉ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စကစအပါအဝင်ပျူစောထီးတွေစစ်ကြောင်းဒုတိယအကြိမ်ထိုးလာစဉ်မှာကျွန်တော်တို့ကလမ်းကနေစောင့်ပြီးတိုက်ခိုက်ခဲ့တာပါ”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များမိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်က ၄ ဦးသေဆုံးပြီး၊နှစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကာစစ်တပ်က အလောင်းများကိုကားဖြင့်လာသယ်သွားသည်ဟု၎င်းကဆက်​ပြောသည်။စစ်​ကောင်စီတပ်​သေဆုံး ထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

Public Service Announcement

Public Service Announcement

“ဒဏ်ရာရသူကို ဝါရစ်ဂျိုးတောင်ရွာမှာ ဆေးကုနေပါတယ်။ခြေထောက်ပြတ်တစ်ယောက်ပါသွားပါတယ်”ဟုတနင်္သာရီကာကွယ်ရေးပျောက်ကြားအဖွဲ့တာဝန်ရှိသူကပြောသည်။

​တော်လှန်​ရေးတပ်ဖွဲ့များထိ့ခိုက်မှုမရှိခဲ့ဟုလည်း မြိတ်ပကဖကထုတ်ပြန်သည်။

အဆိုပါစစ်ဆင်​ရေးကိုတနင်္သာရီ-ပကဖမှတနင်္သာရီပျောက်ကြားအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၂) ၊ ကျွန်းစု ပကဖနှင့် မြိတ် ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မြိတ်က ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ကျေးရွာအတွင်းနေရာယူထားပြီး ဘုန်ကြီးကျောင်းနှင့်နေအိမ်များကိုအမှီပြုကာ လက်နက်ကြီးများ တပ်ဆင်ထားသည်ဟု ​ဒေသခံအချို့ကပြောသည်။

တိုက်ပွဲပြင်းထန်နေခြင်းကြောင့် အနီးနားကျေးရွာများမှ အိမ်ထောင်စု ၅၀၀ကျော်စစ်ဘေးရှောင်နေရသည်ဟု ​ဒေသခံက​ပြောသည်။

မကြာခင် စစ်ရေးပိုမိုပြင်းထန်လာနိုင်ပြီးနှစ်ဖက်လုံးမှ အင်အားများထပ်မံဖြည့်တင်းနေ၍ ပြည်သူများ ​ဘေးအန္တရာယ်ကင်း​အောင် ဂရုပြူ​နေထိုင်ကြရန် တနင်္သာရီကာကွယ်ရေးပျောက်ကြားအဖွဲ့တာဝန်ရှိသူကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။