Connect with us

Hi, what are you looking for?

သတင်း

လက်နက်နှင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူ့စစ်သားကောင်းဖြစ်ကြောင်းပြသရန် ခလရ(၂၇၄) CDM တပ်သားပြော

တပ်သား မျိုးသက်ပိုင်သည် မင်းတပ်အခြေစိုက် အခြေစိုက် ခလရ(၂၇၄)တပ်မှ ထွက်ပြေးလာပြီး ၂၀၂၂ ဒီဇင်ဘာ ၁၅ရက်တွင် မင်းတပ် CDFထံ လက်နက်နှင့်အတူ အလင်းဝင်လာခြင်းဖြစ်သည်။

လက်နက်နှင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူ့စစ်သားကောင်းဖြစ်ကြောင်းပြသရန် ခလရ(၂၇၄) CDM တပ်သားပြော
လက်နက်နှင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူ့စစ်သားကောင်းဖြစ်ကြောင်းပြသရန် ခလရ(၂၇၄) CDM တပ်သားပြော

စစ်အာဏာရှင်လက်အောက်၌ တာဝန်ထမ်းဆောင်နေကြသည့် ရဲဘော်၊ရဲဘက်များအားလုံး လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူ့စစ်သားကောင်းဖြစ်ကြောင်းပြသရန် ခလရ (၂၇၄)တပ်မှ မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ထံ အလင်းဝင်ခဲ့သည့် တပ်သားမျိုးသက်ပိုင်က ပြောကြားသည်။

တပ်သား မျိုးသက်ပိုင်သည် မင်းတပ်အခြေစိုက် အခြေစိုက် ခလရ(၂၇၄)တပ်မှ ထွက်ပြေးလာပြီး ၂၀၂၂ ဒီဇင်ဘာ ၁၅ရက်တွင် မင်းတပ် CDFထံ လက်နက်နှင့်အတူ အလင်းဝင်လာခြင်းဖြစ်သည်။

ပြည်သူရင်ခွင်ခိုလှုံခဲ့သောကြောင့် CDF မင်းတပ်ထံမှလည်း ငွေကျပ် သိန်း ၅၀ရရှိခဲ့ပြီး ဒီဇင်ဘာ ၃၁ရက်တွင်လည်း ပြည်သူ့သားကောင်းအဖွဲ့က ချီးမြှင့်ငွေ ကျပ် ၁၅သိန်းရရှိခဲ့ကြောင်း တပ်သား မျိုးသက်ပိုင်က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်အာဏာရှင်လက်အောက် တာဝန်ထမ်းဆောင်နေကြသည့် ရဲဘော်၊ ရဲဘက်များ အမြန်ဆုံး လက်နက်နှင့် ပြည်သူ့ရင်ခွင်ခိုလှုံကြရန် ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ပြည်သူ့ကာကွယ်သော ပြည်သူ့စစ်သားကောင်းဖြစ်ကြောင်း အလုပ်နဲ့ သက်သေပြဖို့ အချိန်တန်ပြီ ။ ပြည်သူလူထုအပေါ်ကို လက်နက်အားကိုး အနိုင်ကျင့်နေတဲ့ စစ်အာဏာရှင်လူတစုရဲ့ လက်အောက်တွင် အမြန်ဆုံး ရုန်းထွက်နိုင်ကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု တပ်သား မျိုးသက်ပိုင်းက ပြောသည်။

စစ်ကောင်စီတပ်သည် လက်နက်ရှိတွင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားလျက်ရှိပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟု ဒေသခံများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

အသက် ၁၄ နှစ်အရွယ်ကလေးတစ်ယောက် လက်ထဲက သေနတ်တစ်လက်ကြောင့် ထိုင်းနိုင်ငံမှာ လူ ၉ ဦး သေဆုံးခဲ့ပြီးတဲ့နောက် သေနတ်တွေ ဘယ်လောက်အထိလွယ်လွယ်ကူကူလက်လှမ်းမီနေသလဲဆိုတာနဲ့ နိုင်ငံအတွင်း လက်နက်တွေ ပျံ့နှံ့နေမှု အခြေအနေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာကြပါတယ်။