Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်နှင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူ့စစ်သားကောင်းဖြစ်ကြောင်းပြသရန် ခလရ(၂၇၄) CDM တပ်သားပြော

တပ်သား မျိုးသက်ပိုင်သည် မင်းတပ်အခြေစိုက် အခြေစိုက် ခလရ(၂၇၄)တပ်မှ ထွက်ပြေးလာပြီး ၂၀၂၂ ဒီဇင်ဘာ ၁၅ရက်တွင် မင်းတပ် CDFထံ လက်နက်နှင့်အတူ အလင်းဝင်လာခြင်းဖြစ်သည်။

လက်နက်နှင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူ့စစ်သားကောင်းဖြစ်ကြောင်းပြသရန် ခလရ(၂၇၄) CDM တပ်သားပြော
လက်နက်နှင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူ့စစ်သားကောင်းဖြစ်ကြောင်းပြသရန် ခလရ(၂၇၄) CDM တပ်သားပြော

စစ်အာဏာရှင်လက်အောက်၌ တာဝန်ထမ်းဆောင်နေကြသည့် ရဲဘော်၊ရဲဘက်များအားလုံး လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူ့စစ်သားကောင်းဖြစ်ကြောင်းပြသရန် ခလရ (၂၇၄)တပ်မှ မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ထံ အလင်းဝင်ခဲ့သည့် တပ်သားမျိုးသက်ပိုင်က ပြောကြားသည်။

တပ်သား မျိုးသက်ပိုင်သည် မင်းတပ်အခြေစိုက် အခြေစိုက် ခလရ(၂၇၄)တပ်မှ ထွက်ပြေးလာပြီး ၂၀၂၂ ဒီဇင်ဘာ ၁၅ရက်တွင် မင်းတပ် CDFထံ လက်နက်နှင့်အတူ အလင်းဝင်လာခြင်းဖြစ်သည်။

ပြည်သူရင်ခွင်ခိုလှုံခဲ့သောကြောင့် CDF မင်းတပ်ထံမှလည်း ငွေကျပ် သိန်း ၅၀ရရှိခဲ့ပြီး ဒီဇင်ဘာ ၃၁ရက်တွင်လည်း ပြည်သူ့သားကောင်းအဖွဲ့က ချီးမြှင့်ငွေ ကျပ် ၁၅သိန်းရရှိခဲ့ကြောင်း တပ်သား မျိုးသက်ပိုင်က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်အာဏာရှင်လက်အောက် တာဝန်ထမ်းဆောင်နေကြသည့် ရဲဘော်၊ ရဲဘက်များ အမြန်ဆုံး လက်နက်နှင့် ပြည်သူ့ရင်ခွင်ခိုလှုံကြရန် ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ပြည်သူ့ကာကွယ်သော ပြည်သူ့စစ်သားကောင်းဖြစ်ကြောင်း အလုပ်နဲ့ သက်သေပြဖို့ အချိန်တန်ပြီ ။ ပြည်သူလူထုအပေါ်ကို လက်နက်အားကိုး အနိုင်ကျင့်နေတဲ့ စစ်အာဏာရှင်လူတစုရဲ့ လက်အောက်တွင် အမြန်ဆုံး ရုန်းထွက်နိုင်ကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု တပ်သား မျိုးသက်ပိုင်းက ပြောသည်။

စစ်ကောင်စီတပ်သည် လက်နက်ရှိတွင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားလျက်ရှိပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟု ဒေသခံများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

သင်္ဃန်းညီနောင် အပါအဝင် မြ၀တီရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရရိရေး ရည်မှန်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့်လည်း စစ်ကောင်စီတပ် တိုက်လေယာဉ် တစ်စီးကို ယခုနှစ် ဇန်နဝါရီ လလယ်တွင် ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲ၌ ပစ်ချခဲ့ပြီး လေယာဉ် အပျက်အစီးကိုလည်း ပြသခဲ့သည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။

သတင်း

အလင်းဝင်လာသည့် ပျူစောထီးအဖွဲ့ဝင်သည် တော်လှန်ရေး၌ ဆက်လက်ပါဝင်နေပြီး ၎င်း၏ မိသားစုဝင်များကို လုံခြုံသည့်နေရာတွင် စားသောက်နေထိုင်ရေးစီစဥ်ပေးထားကြောင်း အထက်ပါတာဝန်ခံက ရှင်းပြသည်။