Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်တွင် စစ်အု​ပ်စုနှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုထိခိုက်မှုရှိ

ဝက်လက်မြို့နယ်၊ ရွှေဘို – မန္တလေးလမ်းမကြီးပေါ်၊ စိုင်နိုင်ကွေ့ရှိ စစ်ကောင်စီတပ်များသည် PDF အယောင်ဆောင်၍ပါ ပြည်သူများအား ခြိမ်းခြောက်စစ်ဆေးငွေတောင်းလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် PAFD ရဲဘော်တစ်ဦး၊ ဓာတ်ပုံ-PAFD
စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် PAFD ရဲဘော်တစ်ဦး၊ ဓာတ်ပုံ-PAFD

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဘုန်းကြီးကျောင်း၌ တပ်စွဲရန်ပြင်နေသည့် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ ၁နာရီခွဲခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုသေဆုံးထိခိုက်မှုများရှိကြောင်း People’s Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၈ ရက် မွန်းလွဲ ၁နာရီခွဲခန့်က ရွှေဘို-မန္တလေးလမ်းမကြီးပေါ် စိုင်နန်ကွေ့၌ တပ်စွဲထားသော စစ်​ကောင်စီတပ်များသည် ဝက်လက်မြို့နယ် အောင်တိုက်ကုန်းကျေးရွာသို့ အင်အား၈၀ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး ကျေးရွာဘုန်းကြီးကျောင်းအတွင်း၌ အထိုင်ချနေခဲ့သည်။

ထိုစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ရာ အပြန်အလှန်ပစ်ခတ်မှု ၁နာရီခွဲခန့်ကြာမြင့်ခဲ့ကြောင်း PAFD၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အဲဒီရွာဘုန်းကြီးကျောင်းထဲမှာ တပ်စွဲဖို့ပြင်နေတဲ့အချိန် ကျွန်တော်တို့က ဝင်တိုက်တာ။မီးရှို့ချိန်ကိုမရဘူး။ တချို့ကလည်း စိုင်နိုင်ကွေ့ကိုပြန်ပြေးကြတယ်။ တချို့ကလည်း ဝက်လက်ဘက် ကိုပြန်ပြေးကြတယ်။ သူတို့ဘာမှကိုမလုပ်နိုင်တဲ့အချိန်မှာ တော်လှန်ရေးအဖွဲ့တွေက စီးနိုင်တဲ့သဘောဖြစ်သွားတယ်။”ဟု PAFD၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ တော်လှန်ရေးရဲဘော်များထိခိုက်မှုမရှိခဲ့ကြောင်း PAFDက ဆိုသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယင်းစစ်ဆင်ရေးကို People’s Army To Fight Dictatorship (PAFD)ဝက်လက်တပ်ခွဲမှူး ဗိုလ်လှိုင်ဘွားဦးဆောင်၍ တပ်စိပ်(၁)၊တပ်စိပ်(၂)၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် (PAFD)တပ်ခွဲ DK PDF(MMU)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဝက်လက်မြို့နယ်၊ ရွှေဘို – မန္တလေးလမ်းမကြီးပေါ်၊ စိုင်နိုင်ကွေ့ရှိ စစ်ကောင်စီတပ်များသည် PDF အယောင်ဆောင်၍ပါ ပြည်သူများအား ခြိမ်းခြောက်စစ်ဆေးငွေတောင်းလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။