Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူလေးဦးအား မီးရှို့သတ်ဖြတ်

ထန်းကြီးရွာအား မီးရှို့၍ ထွက်သွားသော စစ်ကောင်စီတပ်များကို လမ်းတွင် ပြည်သူကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၅ဦးထက်မနည်း သေဆုံးခဲကြောင်း ကျားသစ်နက်ပျောက်ကျားအဖွဲ့က အသိပေးသည်။

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော ထန်းကြီးကျေးရွာနေအိမ်များ၊ ဓာတ်ပုံ-တောင်ရိုးသားများ တပ်ပေါင်းစု
မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော ထန်းကြီးကျေးရွာနေအိမ်များ၊ ဓာတ်ပုံ-တောင်ရိုးသားများ တပ်ပေါင်းစု

▪️နေအိမ် ၃၈၀ခန့်လည်း မီးရှို့ဖျက်ဆီး၊မသန်စွမ်းတစ်ဦး မီးလောင်သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ထန်းကြီးကျေးရွာတွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူလေးဦးအား မီးရှို့သတ်ဖြတ်သွားပြီး နေအိမ်ပေါင်း ၃၈၀ခန့်လည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၃ ရက်) နံနက်ပိုင်းက ဝက်လက်မြို့နယ်၊ ထန်းကြီးဘူတာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် ပြည်သူ လေးဦးအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ပြီး ထန်းကြီး ဘူတာ ‌အနောက်ဘက် အိမ်တစ်လုံးအတွင်း မီးရှို့ အလောင်းဖျောက်သွားကြောင်း ဒေသခံများက ပြောသည်။

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော ထန်းကြီးကျေးရွာနေအိမ်များ၊ ဓာတ်ပုံ-တောင်ရိုးသားများ တပ်ပေါင်းစု
မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော ထန်းကြီးကျေးရွာနေအိမ်များ၊ ဓာတ်ပုံ-တောင်ရိုးသားများ တပ်ပေါင်းစု

ထို့နောက် စစ်ကောင်စီတပ်သည် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ထန်းကြီးကျေးရွာအတွင်းသို့ ဝင်ရောက်ပစ်ခတ်ပြီး ရွာအနောက်ပိုင်း၊‌ တောင်ပိုင်းနှင့် ရွာ အလယ်ပိုင်းတို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အိမ်ပေါင်း ၃၈၀ခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“ထန်းကြီးကျေးရွာက အိမ်ခြေ လတ်တလော စရင်းလုပ်ထားတာ ၃၈၀ လောက်ပါသွားတယ်။

Public Service Announcement

Public Service Announcement

ကျောင်းဖြူကျေးရွာကတော့ လေးငါးအိမ်လောက်ပါသွားတယ်ဗျာ။ ထန်းကြီးက ရွာမီးလောင်တော့ မသန်စွမ်းတစ်ယောက်မီးထဲပါသွားတယ်။ ထန်းကြီးဘူတာမှက လေးယောက်ဖမ်းခံရတယ်။ မီးရှို့သတ်သွားတယ် ပေါက်ကန်သားလို့သိရတယ်။ကျောင်းဖြူဝင်တော့ ပြည်သူလေးဦးထပ်ဖမ်းခံရတယ်။”ဟု တောင်ရိုးသားတပ်ပေါင်းစု တာဝန်ခံက ပြောကြားသည်။

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော ထန်းကြီးကျေးရွာနေအိမ်များ၊ ဓာတ်ပုံ-တောင်ရိုးသားများ တပ်ပေါင်းစု
မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော ထန်းကြီးကျေးရွာနေအိမ်များ၊ ဓာတ်ပုံ-တောင်ရိုးသားများ တပ်ပေါင်းစု

ထန်းကြီးရွာအား မီးရှို့၍ ထွက်သွားသော စစ်ကောင်စီတပ်များကို လမ်းတွင် ပြည်သူကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၅ဦးထက်မနည်း သေဆုံးခဲကြောင်း ကျားသစ်နက်ပျောက်ကျားအဖွဲ့က အသိပေးသည်။

ထို့အပြင် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ လှူဒါန်းကြပါရန် Wetlet Information Network က မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။