Connect with us

Hi, what are you looking for?

သတင်း

စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ မရမချင်းစုဖွဲ့တော်လှန်တိုက်ပွဲဝင်မည်ဟု AAနှင့် MNDAAက TNLAထံ သဝဏ်လွှာပို့

ယနေ့ (ဇန်နဝါရီ ၁၂ရက်)တွင် ကျရောက်သည့် နှစ်(၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ ဖြစ်ကြသည့် MNDAAနှင့် AA တို့က ဂုဏ်ပြု သဝဏ်လွှာပေးပို့ခြင်းဖြစ်သည်။

(TNLA​၏ ဗိုလ်လောင်းနှင့် အလုပ်သင် သင်တန်းဆင်းပွဲတစ်ခုအား တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA)
(TNLA​၏ ဗိုလ်လောင်းနှင့် အလုပ်သင် သင်တန်းဆင်းပွဲတစ်ခုအား တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA)

ကိုးကန့်၊ တအာင်းနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းများ၏ တူညီသော စစ်ရေး၊နိုင်ငံရေး ရည်မှန်းချက်များကို မရမချင်း ဟန်ချက်ညီ လက်တွဲကာ စုဖွဲ့တော်လှန်တိုက်ပွဲဝင်နေကြအုံးမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)နှင့် ကိုးကန့်တပ်မတော်(MNDAA)တို့က တအာင်းတပ်မတော်(TNLA)ထံ သဝဏ်လွှာပေးပို့သည်။

ယနေ့ (ဇန်နဝါရီ ၁၂ရက်)တွင် ကျရောက်သည့် နှစ်(၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ ဖြစ်ကြသည့် MNDAAနှင့် AA တို့က ဂုဏ်ပြု သဝဏ်လွှာပေးပို့ခြင်းဖြစ်သည်။

နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်နှင့် မဟာမိတ်ဆက်ဆံရေး ပီပြင်သည့်ဘ၀တူ တော်လှန်ရေး ညီနောင်မဟာမိတ်သုံးဖွဲ့ထဲမှ TNLAသည် တအာင်းကံကြမ္မာကို တအာင်းဖန်တီးခွင့်ရရှိရေး တအာင်းပြည်နယ်ရရှိရေးစသည့် ခိုင်မာသော ရည်မှန်းချက်များကို တအာင်းပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ လက်တွဲ တိုက်ပွဲဝင်နေခဲ့သည်မှာ နှစ် ၆၀ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့် ဆယ်နှစ်တာ ကာလနီးပါး အတွင်း ညီနောင်သုံးဖွဲ့သည် ဘုံရန်သူ၏ စစ်ရေးနိုင်ငံရေး ထိုးနှက်ချက်များနှင့် လူမျိုးရေး သပ်လျှိုဖြိုခွဲခြင်းများကို လက်တွဲရင်ဆိုင်ဖြေရှင်းနိုင်ခဲ့ကြောင်း သဝဏ်လွှာ၌ ပါရှိသည်။

ညီနောင်သုံးဖွဲ့အကြားရှိသည့် စည်းလုံးညီညွတ်မှုသည် ပိုမိုအားကောင်းလာခြင်းနှင့်အတူ စည်းလုံးမှုအင်အားကိုလည်း မည်သည့်အချိန်တွင်မဆို ဆက်လက်ပြသရန် အသင့်ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ညီနောင်သုံးဖွဲ့ကြားသာမက ကိုးကန့် တအာင်း၊ ရက္ခိုင် လူမျိုးများအချင်းချင်းကြား၌လည်းကောင်း၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ကြသည့် နွေဦးတော်လှန်ရေး အတွင်းမှ ပေါက်ဖွားလာသည့် ပြည်သူ့ ထောက်ခံမှုရ တော်လှန်ရေးဆန်သော အဖွဲ့အစည်းများအကြား၌လည်းကောင်း အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ တန်ဖိုးထားမှုများနှင့် ယုံကြည်မှုများကိုပါရရှိခဲ့သည်ဟု သဝဏ်လွှာပေးပို့ခဲ့သည်။

ညီနောင်သုံးဖွဲ့အနက် AAသည် စစ်ကောင်စီနှင့် ယာယီအပစ်ရပ်ထားသည့် အဖွဲ့အစည်းဖြစ် သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။