Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ ဂျပန်နိုင်ငံသားတစ်ဦး ဓားထိုးခံရ

စစ်တပ်အာဏာသိမ်းနောက် ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ လုယက်တာတွေ ၊ ဓားပြတိုက်တာ တွေ ခပ်စိတ်စိတ်ဖြစ်ပွားနေတာပါ။

ဓာတ်ပုံ − AFP
This photo taken on April 16, 2020 shows a dog (bottom L) resting on a deserted road in Yangon. - The Yangon government announced a 10pm to 4am curfew to begin on April 18 amid fears of the COVID-19 coronavirus pandemic. (Photo by Ye Aung THU / AFP)

ဂျပန်နိုင်ငံသားတစ်ဦး ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ညပိုင်းအချိန် ဓားနဲ့ထိုးခံရလို့ ဆေးရုံတက်ရောက်ကုသမှုခံယူနေရတယ်လို့ ဂျပန်သတင်းဌာန NHK က ဖော်ပြပါတယ်။

ဂျပန်သံရုံးရဲ့ ပြောပြချက်အရ ပြီးခဲ့တဲ့ စနေနေ့ ( ဇန်နဝါရီလ ၁၄ ) က ဂျပန်နိုင်ငံသား နှစ်ဦး ညပိုင်း ၉ နာရီ က လမ်းလျှောက်လာချိန် လူအုပ်စုတစ်စုက တိုက်ခိုက်ခဲ့ပြီး ဓားနဲ့ထိုးလို့ ဂျပန်နိုင်ငံသားတစ်ဦး ဒဏ်ရာရသွားတာပါ။

တိုက်ခိုက်ခံရတဲ့ နေရာ ကို သတင်းမှာဖော်ပြထားတာမတွေ့ရပေမယ့် ဓားထိုးခံရတဲ့ ဂျပန်နိုင်ငံသားဟာ ရင်ဘတ်မှာ ဒဏ်ရာရသွားတာလို့သိရပါတယ်။

လက်ရှိ ဆေးရုံမှာ ကုသမှုခံယူနေပြီးအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ ဂျပန်သံရုံးက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံအတွင်းနေထိုင်ကြတဲ့ ဂျပန်နိုင်ငံသားတွေအနေနဲ့ ညပိုင်းမှာတင်မက နေ့ခင်းဘက်မှာလည်း သွားလာတာသတိထားကြဖို့ ဂျပန်သံရုံးဘက်က သတိပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းနောက် ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ လုယက်တာတွေ ၊ ဓားပြတိုက်တာ တွေ ခပ်စိတ်စိတ်ဖြစ်ပွားနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့က ကွန်ဒိုတွေမှာနေထိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်က ဆင့်ခေါ်စာတွေ စတင်ပေးပို့နေတယ်လို့ ကွန်ဒိုအခန်းတွေမှာ နေထိုင်သူတွေက ပြောပါတယ်။