Connect with us

Hi, what are you looking for?

သတင်း

ဒေါနစစ်ကြောင်း သင်တန်းဆင်းရဲဘော်များအား NUGက လက်နက်များပေးအပ်

ပေးအပ်ခဲ့သည့် လက်နက်အရေအတွက်ကိုမူ ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိပေ။ ယခင် ၂၀၂၂ နှစ်ကုန်ပိုင်းကလည်း ကော်ဘရာစစ်ကြောင်း၏ သင်တန်းဆင်းပွဲသို့ ဝန်ကြီးချုပ် တက်ရောက်ပြီး လက်နက် ၅၀ ပေးအပ်ခဲ့ဖူးသည်။

ဓာတ်ပုံ - NUG
ဓာတ်ပုံ - NUG

စစ်မြေပြင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် စစ်ဒေသကြီးများအလိုက်ပြင်ဆင်နေကြောင်း အသိပေး

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃)စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ပြီး သင်တန်းရင်းရဲဘော်များအား လက်နက်များ ပေးအပ်ခဲ့ကြောင်း NUGက သတင်းထုတ်ပြန်သည်။

ပေးအပ်ခဲ့သည့် လက်နက်အရေအတွက်ကိုမူ ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိပေ။ ယခင် ၂၀၂၂ နှစ်ကုန်ပိုင်းကလည်း ကော်ဘရာစစ်ကြောင်း၏ သင်တန်းဆင်းပွဲသို့ ဝန်ကြီးချုပ် တက်ရောက်ပြီး လက်နက် ၅၀ ပေးအပ်ခဲ့ဖူးသည်။

ယခု သင်တန်းဆင်းပွဲကို ယနေ့ဇန်နဝါရီ ၁၇ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ ဗိုလ်မှူးကြီးစောဖီးနစ်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသမှူး ဗိုလ်စောရှား နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားရာ အမျိုးသားညီညွတ်ရေးအစိုးရကဆောင်ရွက်နေသည့် စစ်အာဏာရှင် တိုက်ဖျက်ရေး တစ်နှစ်တာမဟာဗျူဟာ စီမံချက်ဆောင်ရွက်နေမှု ကို ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အောင်မြင်သင့်သလောက် အောင်မြင်နေပြီဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီကို မြန်မာတစ်ပြည်လုံးက တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အားကောင်းမောင်းသန်တော်လှန်တိုက်ထုတ်နေသည့်အတွက် အာဏာရှင်တို့နိဂုံးချုပ်တော့မည်ဖြစ်ကြောင်း” ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟု ဆိုသည်။

ပြည်တွင်း၊ ပြည်ပ အင်အားစုအားလုံး ဟန်ချက်ညီညီ၊ စုဖွဲ့မှုအရှိန်အဟုန်ကောင်းမွန်စွာဖြင့်ရှေ့ဆက်နေနိုင်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အသိပေးခဲ့ပြီး နိုင်ငံရေး၊ စစ်ရေး ထူးကဲသာလွန်သည့် အကျိုးရလဒ်များ ဖြစ်ပေါ်တိုးတက်လျက်ရှိသည်ဟု ပြောဆိုခဲ့သည်။

NUG ခေါင်းဆောင်များအနေဖြင့် တော်လှန်ရေးရဲဘော်များနှင့်အတူ မြေပြင်၌ တသားတည်းရှိနေကြောင်း၊ စစ်မြေပြင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် စစ်ဒေသကြီးများအလိုက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအဖွဲ့များနှင့် NUGတို့ ညီညွတ်စွာ ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်နေပြီး တော်လှန်ရေး၌ အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်နေကြသူများအားလုံး၏ ဇွဲနဘဲကြီးမှုကြောင့် မကြာမီတော်လှန်ရေးအောင်ပွဲအသီးအပွင့်များကို ခံစားကြရတော့မည်ဟုလည်း ဝန်ကြီးချုပ်က ပြောသည်။

ဓာတ်ပုံ - NUG
ဓာတ်ပုံ – NUG

ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲဘော်များအားလုံး ယုံကြည်ချက်ခိုင်မာစွာထားရှိပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ရေး ပိုမိုအားစိုက်ထုတ်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းသည်။

ဒေါနစစ်ကြောင်း သင်တန်းဆင်းရဲဘော်များအား ဂုဏ်ပြုငွေ ကျပ် ၁၀ သိန်းပေးအပ်ခဲ့ကြောင်း NUGက ထုတ်ပြန်သည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းဆင်းရဲဘော်များကို တစ်ဦး ချင်း သစ္စာရေ တိုက်ကျွေးမှု ပြုလုပ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

Facebook