Connect with us

Hi, what are you looking for?

သတင်း

သံဖြူဇရပ်မြို့နယ် နယ်မြေရဲစခန်း ရေးပြောက်ကျားတပ် တိုက်ခိုက်

မိနစ် ၂၀ခန့်​ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သတ်မှတ်ချိန်အကန့်အသတ်ကြောင့် စခန်းအား သိမ်းယူနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း အသိပေးသည်။

(YGF-ရေးပြောက်ကျားတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - YGF)
(YGF-ရေးပြောက်ကျားတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - YGF)

စစ်ကောင်စီလက်ပါးစေ ရဲသုံးဦးသေဟုဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာ အခြေစိုက်နယ်မြေရဲစခန်း ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်ပါးစေ ရဲသုံးဦးသေဆုံးကြောင်း YGF – ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ယန့(ဇန်နဝါရီ ၁၈ရက်) နံနက် ၆နာရီခွဲခန့်တွင် အင်အား ၁၀ဦးခန့်ရှိ အဆိုပါရဲစခန်းကို YGF- ရေးပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

မိနစ် ၂၀ခန့်​ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သတ်မှတ်ချိန်အကန့်အသတ်ကြောင့် စခန်းအား သိမ်းယူနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း အသိပေးသည်။

တိုက်ပွဲတွင် ရဲသုံဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိကြောင်း မြေပြင်သတင်းအရ YGF က ကိုးကားသည်။

Public Service Announcement

Public Service Announcement

“မနက်မိုးလင်းကတည်းက ပစ်ခတ်သံတွေကြားရတော့ ပြေးကြရတာ။လက်နက်ကြီးပေါက်ကွဲသံက မြေကြီးပါတုန်တယ်။ ရဲသုံးဦး ဒဏ်ရာပြင်းထန်တယ်လို့သိရတယ်”ဟု ထင်းရှုးကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

ယခုအချိန်တွင် ရဲဘော်များအားလုံး လွတ်မြောက်နယ်မြေသို့ ပြန်လည်ရောက်ရှိလာပြီးဖြစ် ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ