Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့ အထက(၁)အနီးရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာသုံးဦးသေဟု CNA ပြော

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ကျောင်းသူတစ်ဦး ပေါင်တွင်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ရပ်ကွက်နေပြည်သူ အများအပြားကိုလည်း စစ်ကောင်စီတပ် ဖမ်းဆီးသွားကြောင်း ဖော်ပြသည်။

(ချင်းCNA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်၊ဓာတ်ပုံ - CNA)
(ချင်းCNA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်၊ဓာတ်ပုံ - CNA)

ချင်းပြည်နယ် ဖလမ်းမြို့အထက်တန်းကျောင်းအနီး ရှိ စစ်ကောင်စီတပ်ကို ယမန်နေ့တွင် ချင်းအမျိုးသားတပ်မတော်(CNA)တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သုံးဦး သေဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဇန်နဝါရီ ၁၈ရက် မွန်းလွဲ ၃နာရီခန့်တွင် အထက (၁)၌ တာဝန်ချထားသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်ရာသုံးဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း၊ CNFရဲဘော်များ ထိခိုက်မှုမရှိကြောင်း ဆလိုင်းထက်နီက ယနေ့နံနက်တွင် ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး The Chin Journalက ဖော်ပြထားရာ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ရဲတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့သည်ဟု ဒေသခံများကို ကိုးကား ဖော်ပြခဲ့သည်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ကျောင်းသူတစ်ဦး ပေါင်တွင်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ရပ်ကွက်နေပြည်သူ အများအပြားကိုလည်း စစ်ကောင်စီတပ် ဖမ်းဆီးသွားကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။