Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ် ဇာဒီရွာတပ်စွဲထားသော စစ်အုပ်စုကို ‌ဒေသကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်

အဆိုပါ စစ်ဆင်ရေးကို ကန့်ဘလူမြို့နယ်(ပကဖ) ၊ MPF U-18၊မြေပြင်လှုပ်ရှားညီနောင်များ ၊ ဒေသခံLDFအဖွဲ့ နှင့် Kanbalu underground warriors မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ကန့်ဘလူမြို့နယ် ဇာဒီရွာတပ်စွဲထားသော စစ်အုပ်စုကို ‌ဒေသကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်
ကန့်ဘလူမြို့နယ် ဇာဒီရွာတပ်စွဲထားသော စစ်အုပ်စုကို ‌ဒေသကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းတိုက်နယ်၊ ဇာဒီကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျုစောထီးများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kanbalu underground warriors အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ ၁၉ ရက်) ညနေ ၃ နာရီခွဲခန့်က ဇာဒီကျေးရွာတွင် အထိုင်ချထားသော အင်အား(၂၀)ခန့်ရှိ စစ်ကောင်စီတပ်နှင့်ပျူများကို (၆၀) မမ နှစ်လုံး၊ (၁၂ဝ) မမ ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများရှိကြောင်း Kanbalu underground warriors အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စစ်ဆင်ရေးကို ကန့်ဘလူမြို့နယ်(ပကဖ) ၊ MPF U-18၊မြေပြင်လှုပ်ရှားညီနောင်များ ၊ ဒေသခံLDFအဖွဲ့ နှင့် Kanbalu underground warriors မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ Kanbalu underground warriors အဖွဲ့ထံ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

ထို့အပြင် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းမှ ညနေပိုင်းအထိ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ ညောင်ဇင်လေး (အနောက်)ရွာနှင့် ယောကျေးရွာတို့ရှိ စစ်ကောင်စီတပ်များအား ဒေသတွင်း တော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့် ပျူဘက်က ရှစ်ဦးထက်မနည်း သေဆုံးကာ အပြင်းအထန် ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။