Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ NRPCရုံးအနီးရှိ လုံခြုံရေးကင်းတဲ ပေါက်ကွဲမှုဖြစ်

စမ်းချောင်းမြို့နယ် မြေနီကုန်းအနီး စစ်ကောင်စီဝင်များ အစစ်အဆေးကြမ်းနေကြောင်းသိရသဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီဝင်များနှင့် အဝေးဆုံးမှ ရှောင်ရှားသွားလာကြရန်လည်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက လူမှုကွန်ရက်မှတဆင့် အသိပေးဖော်ပြခဲ့သည်။

(ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင်အတွင်းက မြေနီကုန်း ဒဂုံစင်တာအနီးတွင် စစ်ကောင်စီဝင်များ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင်အတွင်းက မြေနီကုန်း ဒဂုံစင်တာအနီးတွင် စစ်ကောင်စီဝင်များ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

မြေနီကုန်း ဒဂုံစင်တာအဝင်၊ အထွက်ပေါက်တို့ကို ပိတ်ဆို့ပြီး စစ်ကောင်စီဝင်များ ရှာဖွေစစ်ဆေးနေ

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း၊ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့်ရှိ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)အနီးရှိ လုံခြုံရေးကင်းတဲတွင် ယနေ့ နေ့လည်ပိုင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဦးဝိစာရလမ်းပေါ် Blazon နားမှာ နေ့လယ် ၂နာရီလောက်က ပေါက်ကွဲသံ ကြားရတာပါ။ အသံက တော်တော်ကျယ်တယ်။ NRPC နားက လုံခြုံရေးကင်းတဲကို ဗုံးနဲ့ပေါက်တာလို့ သိရတယ်။ ခဏနေတော့ စစ်ကား၊ ရဲကားတွေအများကြီး ရောက်လာပြီး လမ်းပိတ်စစ်နေတာ တွေ့ရပါတယ်။ လူထိခိုက်မှု ရှိ၊ မရှိတော့မသိရဘူး “ဟု မြေနီကုန်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့နောက် ညနေ ၃နာရီဝန်းကျင်တွင် NRPC ရုံးအနီး ဗုံးပေါက်ကွဲသံတစ်ချက် ထပ်မံကြားခဲ့ရပြီး မပေါက်သေးသည့် ဗုံးတစ်လုံးအား စစ်ကောင်စီဝင်များ ရှာဖွေတွေ့ရှိ၍ ဖောက်ခွဲခြင်း ဖြစ်ကြောင်း စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ညနေ ၃ နာရီခွဲဝန်းကျင်တွင် မြေနီကုန်းလမ်းဆုံရှိ ဒဂုံစင်တာ (၁) နှင့် (၂)တို့၏ ဝင်ပေါက်၊ ထွက်ပေါက်များအား စစ်ကောင်စီဝင်အများအပြား ပိတ်ဆို့၍ စစ်ဆေးနေကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

” ဒဂုံစင်တာ ၁ နဲ့ ၂ ကို အဝင်အထွက်တွေပိတ်ပြီး စစ်သားတွေ စစ်နေကြတာ တွေ့ခဲ့ရတယ်။ လူငယ်တွေကို လွယ်အိတ်တွေပါ ဖွင့်စစ်နေတယ်။ အိမ်သာတွေပါ မကျန်ဝင်စစ်တယ်လို့လဲ ကြားတယ်။ ဘာသတင်းရလို့လဲတော့ မသိဘူး “ဟု အဌားယာဥ်မောင်း တစ်ဦးက ပြောသည်။

စမ်းချောင်းမြို့နယ် မြေနီကုန်းအနီး စစ်ကောင်စီဝင်များ အစစ်အဆေးကြမ်းနေကြောင်းသိရသဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီဝင်များနှင့် အဝေးဆုံးမှ ရှောင်ရှားသွားလာကြရန်လည်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက လူမှုကွန်ရက်မှတဆင့် အသိပေးဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​ဖော်ပြပါတယ်။