Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ် အုန်းတောရွာရှိ စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားပြီး PRF ရဲဘော်များ အထိအခိုက်မရှိ ​ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

ပေါက်မြို့နယ် အုန်းတောရွာရှိ စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်
ပေါက်မြို့နယ် အုန်းတောရွာရှိ စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတောကျေးရွာရှိ စာသင်ကျောင်းတွင် စစ်ကောင်စီတပ်များ စုဖွဲ့ထိုင်​နေချိန် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း Pauk Revolution Front(PRF)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၂၀ရက်) နံနက် ၁၁နာရီခွဲခန့်က ပေါက်မြို့နယ်၊ အုန်းတောကျေးရွာစာသင်ကျောင်း၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ တစ်ဦး နေရာတွင်သေဆုံးခဲ့ကြောင်း Pauk Revolution Front(PRF)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားပြီး PRF ရဲဘော်များ အထိအခိုက်မရှိ ​ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

“အဲဒီနေရာက မြို့နဲ့လည်းနီးတယ်။ တစ်လုံးပဲ ချနိုင်ခဲ့တယ်။ ၅ယောက်လောက် စုဖွဲ့ထိုင်နေတဲ့ အချိန် ဖြုတ်ချခဲ့တာဗျ။ သူတို့အဲဒီမှာ တပ်စွဲတာ

Public Service Announcement

Public Service Announcement

ကြာတော့ကြာပြီဗျ။ဒါပေမဲ့ သူတို့က ပြန်ရုတ် သွားလိုက် ရောက်လာလိုက်နဲ့ပဲ။ အင်အားအတိအကျတော့ မသိရဘူး။ စစ်ကြောင်းကလည်း အမြဲတမ်းနီးပါးထိုးနေတာဆိုတော့”ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဇန်နဝါရီ ၁၉ ရက်ကလည်း ပေါက်မြို့နယ်ရှိ ဇီးပြားရဲစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ရာ ရဲတစ်ဦးသေဆုံးခဲ့ကြောင်း မြိုင်(ပကဖ)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

သတင်း

PDF ​တွေကတံတားဦး​လေတပ်အား ဒရုန်း ၆ စီးနဲ့တိုက်ခိုက်မှုကိုဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့စစ်တပ်က စက်တင်ဘာ၁၀ရက်ညမှာထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ PDF ​တွေက ​လေတပ်ရဲ့​လေယာဥ်​ပြေးလမ်း​ပေါ်မှာ​လေတပ်ကစစ်သား​တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုထပ်မံထုတ်ပြန်လိုက်ပါတယ် ။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။