Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်မြို့နယ် အုန်းတောရွာရှိ စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားပြီး PRF ရဲဘော်များ အထိအခိုက်မရှိ ​ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

ပေါက်မြို့နယ် အုန်းတောရွာရှိ စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်
ပေါက်မြို့နယ် အုန်းတောရွာရှိ စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတောကျေးရွာရှိ စာသင်ကျောင်းတွင် စစ်ကောင်စီတပ်များ စုဖွဲ့ထိုင်​နေချိန် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း Pauk Revolution Front(PRF)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၂၀ရက်) နံနက် ၁၁နာရီခွဲခန့်က ပေါက်မြို့နယ်၊ အုန်းတောကျေးရွာစာသင်ကျောင်း၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ တစ်ဦး နေရာတွင်သေဆုံးခဲ့ကြောင်း Pauk Revolution Front(PRF)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားပြီး PRF ရဲဘော်များ အထိအခိုက်မရှိ ​ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

“အဲဒီနေရာက မြို့နဲ့လည်းနီးတယ်။ တစ်လုံးပဲ ချနိုင်ခဲ့တယ်။ ၅ယောက်လောက် စုဖွဲ့ထိုင်နေတဲ့ အချိန် ဖြုတ်ချခဲ့တာဗျ။ သူတို့အဲဒီမှာ တပ်စွဲတာ

Public Service Announcement

Public Service Announcement

ကြာတော့ကြာပြီဗျ။ဒါပေမဲ့ သူတို့က ပြန်ရုတ် သွားလိုက် ရောက်လာလိုက်နဲ့ပဲ။ အင်အားအတိအကျတော့ မသိရဘူး။ စစ်ကြောင်းကလည်း အမြဲတမ်းနီးပါးထိုးနေတာဆိုတော့”ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဇန်နဝါရီ ၁၉ ရက်ကလည်း ပေါက်မြို့နယ်ရှိ ဇီးပြားရဲစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ရာ ရဲတစ်ဦးသေဆုံးခဲ့ကြောင်း မြိုင်(ပကဖ)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။