Connect with us

Hi, what are you looking for?

သတင်း

ကျားသစ်နက်စစ်ကြောင်း သင်တန်းဆင်းပွဲတွင် NUG လက်နက်များတပ်ဆင်ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မကြာသေးမီကလည်း ကော်ဘရာ စစ်ကြောင်းနှင့် ဒေါနစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲများ၌ ရဲဘော်များအား လက်နက်များ ပေးအပ်ခဲ့သည်။

ဓာတ်ပုံ - ကျားသစ်နက် စစ်ကြောင်း
ဓာတ်ပုံ - ကျားသစ်နက် စစ်ကြောင်း

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၃)ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားသစ်နက်စစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ကျင်းပခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်များ တပ်ဆင်ပေးအပ်ခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် သင်တန်းဆင်းရဲဘော်များသည် သင်တန်းကွင်းတွင် ချီတက်နေရာယူကာ အလေးပြု သစ္စာဆိုခဲ့ပြီး စစ်ဒေသခွဲအမှတ် (၃)ရှိ တာဝန်ရှိသူများမှ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ပေးပို့သည့် သဝဏ်လွှာနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ပေးပို့သည့် သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြောင်း ထုတ်ပြန်သည်။

ကျားသစ်နက်စစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းရဲဘော်များမှ လက်နက်ကိုင်တွယ် ဖြုတ်တတ်မှုများ အပါအဝင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ၊ VIP ကာကွယ်မှု သက်တော်စောင့်များ၏ ဗျူဟာများ နှင့် စစ်ပွဲအတွင်း အရေးပေါ် အခြေအနေများတွင် လူနာသယ်ယူရန် နည်းလမ်းများ စသည်တို့ကို သရုပ်ဖော်ပြသခဲ့ကြသည်ဟု ဆိုသည်။

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃)မှ ဒု-စစ်ဒေသမှူး စောရှားမှ ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်ဆင်ပေးသည့် လက်နက်များ ပေးအပ်ခဲ့ကြောင်း၊ ထို့ပြင် ပြည်ထောင်စုဝန်ကြီးချုပ်မှ ပေးပို့သည့် ဂုဏ်ပြုငွေ (၁၀) သိန်းကျပ်ကိုလည်း သင်တန်းဆင်းရဲဘော်များအား ပေးအပ်ခဲ့ကြောင်း ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မကြာသေးမီကလည်း ကော်ဘရာ စစ်ကြောင်းနှင့် ဒေါနစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲများ၌ ရဲဘော်များအား လက်နက်များ ပေးအပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

Facebook