Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျားသစ်နက်စစ်ကြောင်း သင်တန်းဆင်းပွဲတွင် NUG လက်နက်များတပ်ဆင်ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မကြာသေးမီကလည်း ကော်ဘရာ စစ်ကြောင်းနှင့် ဒေါနစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲများ၌ ရဲဘော်များအား လက်နက်များ ပေးအပ်ခဲ့သည်။

ဓာတ်ပုံ - ကျားသစ်နက် စစ်ကြောင်း
ဓာတ်ပုံ - ကျားသစ်နက် စစ်ကြောင်း

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၃)ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားသစ်နက်စစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ကျင်းပခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်များ တပ်ဆင်ပေးအပ်ခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် သင်တန်းဆင်းရဲဘော်များသည် သင်တန်းကွင်းတွင် ချီတက်နေရာယူကာ အလေးပြု သစ္စာဆိုခဲ့ပြီး စစ်ဒေသခွဲအမှတ် (၃)ရှိ တာဝန်ရှိသူများမှ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ပေးပို့သည့် သဝဏ်လွှာနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ပေးပို့သည့် သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြောင်း ထုတ်ပြန်သည်။

ကျားသစ်နက်စစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းရဲဘော်များမှ လက်နက်ကိုင်တွယ် ဖြုတ်တတ်မှုများ အပါအဝင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ၊ VIP ကာကွယ်မှု သက်တော်စောင့်များ၏ ဗျူဟာများ နှင့် စစ်ပွဲအတွင်း အရေးပေါ် အခြေအနေများတွင် လူနာသယ်ယူရန် နည်းလမ်းများ စသည်တို့ကို သရုပ်ဖော်ပြသခဲ့ကြသည်ဟု ဆိုသည်။

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃)မှ ဒု-စစ်ဒေသမှူး စောရှားမှ ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်ဆင်ပေးသည့် လက်နက်များ ပေးအပ်ခဲ့ကြောင်း၊ ထို့ပြင် ပြည်ထောင်စုဝန်ကြီးချုပ်မှ ပေးပို့သည့် ဂုဏ်ပြုငွေ (၁၀) သိန်းကျပ်ကိုလည်း သင်တန်းဆင်းရဲဘော်များအား ပေးအပ်ခဲ့ကြောင်း ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မကြာသေးမီကလည်း ကော်ဘရာ စစ်ကြောင်းနှင့် ဒေါနစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲများ၌ ရဲဘော်များအား လက်နက်များ ပေးအပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။