Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ် တိုက်ကုန်းရွာမှပြန်ထွက်သွား​သော်လည်းမိုင်းအန္တရာယ်​ကြောင့် ​ပြည်သူများရွာမပြန်ရဲ

တိုက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၂ရက်မှစ၍ ဝင်ရောက်တပ်စွဲကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ နှစ်ရက်ကြာတပ်စွဲဲပြီးနောက်ဇန်နဝါရီ ၂၄ရက်နံနက်တွင်ရွာမှ ထွက်ခွာသွားသည်ဟုဒေသခံများကပြောသည်။

(ကချင်ပြည်နယ်တွင် စစ်​ကောင်စီတပ်စစ်​ကြောင်းတစ်​ကြောင်းကို​ အာဏာမသိမ်းခင်ကာလကတွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ကချင်ပြည်နယ်တွင် စစ်​ကောင်စီတပ်စစ်​ကြောင်းတစ်​ကြောင်းကို​ အာဏာမသိမ်းခင်ကာလကတွေ့ရစဥ်။ ဓါတ်ပုံ-CJ)

▪︎တိုက်ပွဲတွင်အထိနာခဲ့၍ အလာတွင်တပ်ရင်းသုံး​ရင်းပေါင်းလာ​သောစစ်​ကြောင်းအပြန်တွင် တစ်ရင်းစာပင်မကျန်​တော့ဟုPDF ​ပြော

ကသာမြို့နယ်တိုက်ကုန်းကျေးရွာတွင်တပ်စွဲ၍နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယမန်​နေ့(ဇန်နဝါရီ ၂၄ရက်)နံနက်မှစ၍ ရွာမှ ထွက်ခွာသွားသော်လည်း မိုင်းအန္တရာယ်ကြောင့်ဒေသခံပြည်သူများနေရပ်မပြန်ရဲကြကြောင်း ဒေသခံများကပြောသည်။

တိုက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၂ရက်မှစ၍ ဝင်ရောက်တပ်စွဲကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ နှစ်ရက်ကြာတပ်စွဲဲပြီးနောက်ဇန်နဝါရီ ၂၄ရက်နံနက်တွင်ရွာမှ ထွက်ခွာသွားသည်ဟုဒေသခံများကပြောသည်။

“စစ်တပ်က နေအိမ် အလုံးရေး ၄၀ ကျော်မီးရှို့သွားတယ်။ အခုပြန်ထွက်သွားပြီ။ ဒါပေမယ့်စစ်တပ်က မိုင်းတွေထောင်ခဲ့နိုင်တာကြောင့်မပြန်ရဲသေးဘူး။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ မိုင်းရှင်းပြီးမှ ဝင်လို့ရမယ်” ဟုဒေသခံတစ်ဦးကPeople’s Spring သို့ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည်တိုက်ကုန်းရွာအနီးဇန်နဝါရီ၁၇ရက်မှ စတင်သည့်တိုက်ပွဲတွင်အရာရှိအချို့အပါအဝင် ၅၀ဦးထက် မနည်းသေဆုံးကြောင်း​တော်လှန်ျရးအင်အားစုများကပြောသည်။ မြေပြင်တိုက်ပွဲများတွင်​သေဆုံးဒဏ်ရာရမှုများပြီးအထိနာ​နေသဖြင့်စစ်ကာင်စီတပ်က ဇန်နဝါရီ ၁၈ရက်မှစတင်ကာ လေကြောင်းမှအကြိမ်​ရေများစွာတိုက်ခိုက်ခဲ့သည်။ ဇန်နဝါရီ ၁၈ရက်မှ ၂၂ရက် အထိ လေကြောင်းတိုက်ခိုက်မှု ၂၀ကြိမ်ထက်မနည်းပြုလုပ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ကုန်းရွာအနီးရှိမိုးတားကျေးရွာကိုဇန်နဝါရီလ ၁၈ ရက်ညနေက စစ်ကောင်စီလေကြောင်းမှဗုံးကျဲသဖြင့်ဒေသခံပြည်သူ ၇ဦးသေဆုံးပြီး ၃၀ဦးထက်မနည်း ဒဏ်ရာခဲ့သည်။ မိုးတားနှင့်တိုက်ကုန်းကျေးရွာမှ ဒေသခံများသည် ယနေ့(ဇန်နဝါရီ ၂၅ရက်)အထိ နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲဖြစ်သည်။

“စစ်ကောင်စီတပ်တွေ လာလမ်းအတိုင်းပြန်ဆုတ်မယ်လို့ ထင်တယ်။ ကျောက်ကြီးနဲ့ မြို့လှဘက်ကို ထွက်မယ်ထင်တယ်”ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကပြောသည်။

ယင်းစစ်ကြောင်းသည် တပ်မ ၇၇ လက်အောက်ခံတပ်ရင်း သုံးခုထက်မနည်းပေါင်းကာ ကသာနယ်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့​သော်လည်း ယခုအခါ စစ်ကြောင်းတကြောင်းစာအင်အားပင်မရှိတော့ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook