Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ် တိုက်ကုန်းရွာမှပြန်ထွက်သွား​သော်လည်းမိုင်းအန္တရာယ်​ကြောင့် ​ပြည်သူများရွာမပြန်ရဲ

တိုက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၂ရက်မှစ၍ ဝင်ရောက်တပ်စွဲကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ နှစ်ရက်ကြာတပ်စွဲဲပြီးနောက်ဇန်နဝါရီ ၂၄ရက်နံနက်တွင်ရွာမှ ထွက်ခွာသွားသည်ဟုဒေသခံများကပြောသည်။

(ကချင်ပြည်နယ်တွင် စစ်​ကောင်စီတပ်စစ်​ကြောင်းတစ်​ကြောင်းကို​ အာဏာမသိမ်းခင်ကာလကတွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ကချင်ပြည်နယ်တွင် စစ်​ကောင်စီတပ်စစ်​ကြောင်းတစ်​ကြောင်းကို​ အာဏာမသိမ်းခင်ကာလကတွေ့ရစဥ်။ ဓါတ်ပုံ-CJ)

▪︎တိုက်ပွဲတွင်အထိနာခဲ့၍ အလာတွင်တပ်ရင်းသုံး​ရင်းပေါင်းလာ​သောစစ်​ကြောင်းအပြန်တွင် တစ်ရင်းစာပင်မကျန်​တော့ဟုPDF ​ပြော

ကသာမြို့နယ်တိုက်ကုန်းကျေးရွာတွင်တပ်စွဲ၍နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယမန်​နေ့(ဇန်နဝါရီ ၂၄ရက်)နံနက်မှစ၍ ရွာမှ ထွက်ခွာသွားသော်လည်း မိုင်းအန္တရာယ်ကြောင့်ဒေသခံပြည်သူများနေရပ်မပြန်ရဲကြကြောင်း ဒေသခံများကပြောသည်။

တိုက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၂ရက်မှစ၍ ဝင်ရောက်တပ်စွဲကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ နှစ်ရက်ကြာတပ်စွဲဲပြီးနောက်ဇန်နဝါရီ ၂၄ရက်နံနက်တွင်ရွာမှ ထွက်ခွာသွားသည်ဟုဒေသခံများကပြောသည်။

“စစ်တပ်က နေအိမ် အလုံးရေး ၄၀ ကျော်မီးရှို့သွားတယ်။ အခုပြန်ထွက်သွားပြီ။ ဒါပေမယ့်စစ်တပ်က မိုင်းတွေထောင်ခဲ့နိုင်တာကြောင့်မပြန်ရဲသေးဘူး။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ မိုင်းရှင်းပြီးမှ ဝင်လို့ရမယ်” ဟုဒေသခံတစ်ဦးကPeople’s Spring သို့ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည်တိုက်ကုန်းရွာအနီးဇန်နဝါရီ၁၇ရက်မှ စတင်သည့်တိုက်ပွဲတွင်အရာရှိအချို့အပါအဝင် ၅၀ဦးထက် မနည်းသေဆုံးကြောင်း​တော်လှန်ျရးအင်အားစုများကပြောသည်။ မြေပြင်တိုက်ပွဲများတွင်​သေဆုံးဒဏ်ရာရမှုများပြီးအထိနာ​နေသဖြင့်စစ်ကာင်စီတပ်က ဇန်နဝါရီ ၁၈ရက်မှစတင်ကာ လေကြောင်းမှအကြိမ်​ရေများစွာတိုက်ခိုက်ခဲ့သည်။ ဇန်နဝါရီ ၁၈ရက်မှ ၂၂ရက် အထိ လေကြောင်းတိုက်ခိုက်မှု ၂၀ကြိမ်ထက်မနည်းပြုလုပ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ကုန်းရွာအနီးရှိမိုးတားကျေးရွာကိုဇန်နဝါရီလ ၁၈ ရက်ညနေက စစ်ကောင်စီလေကြောင်းမှဗုံးကျဲသဖြင့်ဒေသခံပြည်သူ ၇ဦးသေဆုံးပြီး ၃၀ဦးထက်မနည်း ဒဏ်ရာခဲ့သည်။ မိုးတားနှင့်တိုက်ကုန်းကျေးရွာမှ ဒေသခံများသည် ယနေ့(ဇန်နဝါရီ ၂၅ရက်)အထိ နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲဖြစ်သည်။

“စစ်ကောင်စီတပ်တွေ လာလမ်းအတိုင်းပြန်ဆုတ်မယ်လို့ ထင်တယ်။ ကျောက်ကြီးနဲ့ မြို့လှဘက်ကို ထွက်မယ်ထင်တယ်”ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကပြောသည်။

ယင်းစစ်ကြောင်းသည် တပ်မ ၇၇ လက်အောက်ခံတပ်ရင်း သုံးခုထက်မနည်းပေါင်းကာ ကသာနယ်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့​သော်လည်း ယခုအခါ စစ်ကြောင်းတကြောင်းစာအင်အားပင်မရှိတော့ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။