Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်စခန်းအား PDF နှင့် KNDF တိုက်ခိုက်

မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်တွင် ကျူး​ကျော်တပ်ဆွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မိုးဗြဲရေလှောင်တမံရှိ တပ်စခန်းတို့ကို ဇန်နဝါရီ ၂၄ ရက်ည ၈ နာရီခန့်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်စခန်းအား PDF နှင့် KNDF တိုက်ခိုက်
မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်စခန်းအား PDF နှင့် KNDF တိုက်ခိုက်

မိုးဗြဲမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၃ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်တွင် ကျူး​ကျော်တပ်ဆွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မိုးဗြဲရေလှောင်တမံရှိ တပ်စခန်းတို့ကို ဇန်နဝါရီ ၂၄ ရက်ည ၈ နာရီခန့်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

“ညောင်းဝိုင်းဘက်မှာက သူတို့ တပ်စွဲထားတာ သုံးလကျော်လောက်ရှိပြီ။အင်အားအရ ၈၀ လောက်ရှိတယ်။ ကိုယ့်ဘက်က ပြောက်ကျားစစ် နဲ့ သွားတိိုက်ခဲ့တယ်။ ဒီလိုပဲ မိုးဗြဲရေလှောင်တမံဘက်မှာလည်း တပ်ရင်း တစ်ရင်းစာလောက်ရှိမယ်။အဲဒီဘက်မှာတော့ သူတို့ဘက်က ကျည်ထိတဲ့သူ နှစ်ယောက်လောက်ရှိတာ မျက်မြင်အတည်ပြုနိုင်ခဲ့တယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement
Public Service Announcement

ညောင်ဝိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ကိို KNDF B-03နှင့်အတူ မိုးဗြဲ PDF တပ်ရင်း (၁)တို့ပူးပေါင်းပါဝင်ခဲ့ပြီး ၁နာရီဝန်းကျင်မျှ ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားချိန်တွင် ဖယ်ခုံအမြောက်တပ်မှ ပြည်သူများနေအိမ်ပေါ်သို့ ရမ်းသမ်းပစ်ခတ်ခဲ့သည်။

ထို့အပြင် ပစ်ခတ်မူပြီးဆုံးချိန်တွင်လည်း ညောင်ဝိုင်းရပ်ကွက်ရှိ ပြည်သူနေအိမ်တစ်လုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

မိုးဗြဲရေလှောင်တမံရှိ တပ်စခန်း တိုက်ခိုက်မှုတွင်လည်း ၁နာရီဝန်းကျင် ကြာမြင့်ခဲ့ပြီး ပစ်ခတ်မူ့ နေရာ နှစ်ခုလုံးတွင် ရန်သူထိခိုက်ကျဆုံးမှုများရှိပြီး ထိခိုက်ကျဆုံးမှုဦးရေ အတည်မပြုနိုင်သေးပေ။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထိခိုက်မှုတစ်စုံတစ်ရာမရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့