Connect with us

Hi, what are you looking for?

သတင်း

KNDF တပ်ရင်း – ၈​၏ တပ်သားသစ် သင်တန်းဆင်းပွဲပြုလုပ်

KNDF တပ်ရင်း – ၈မှာ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များ၌ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၏ တပ်ခွဲတစ်ခု ဖြစ်သည်။

(ကရင်နီအမျိုးသားများကာကွယ်ရေး (KNDF)တပ်ရင်း - ၈မှ ရဲဘော်များ သင်တန်းဆင်းပွဲပြုလုပ်နေစဉ်၊ ဓာတ်ပုံ - KNDF)
(ကရင်နီအမျိုးသားများကာကွယ်ရေး (KNDF)တပ်ရင်း - ၈မှ ရဲဘော်များ သင်တန်းဆင်းပွဲပြုလုပ်နေစဉ်၊ ဓာတ်ပုံ - KNDF)

တပ်သားအသစ်များ၏ သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေး (KNDF)တပ်ရင်း – ၈က ယနေ့ ထုတ်ပြန်သည်။

သင်တန်းဆင်း ရဲဘော်များက စစ်ရေးပြခြင်း၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်အလံတော်အား အလေးပြုချင်းများကို အဓိက လုပ်ဆောင်ခဲ့ကြောင်း အသိပေးသည်။

ဓာတ်ပုံမှတ်တမ်းအရ တပ်သားသစ်အရေအတွက်၂၀ဦးရှိပြီး သစ္စာရေသောက်၍ ကတိပြုနေသည်ကို တွေ့ရသည်။

KNDF တပ်ရင်း – ၈မှာ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များ၌ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၏ တပ်ခွဲတစ်ခု ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယမန်နှစ်အထိ ကရင်နီအမျိုးသားများကာကွယ် ရေးတပ်တွင် တပ်ရင်းပေါင်း ၂၂ ခုရှိပြီး အင်အား အရေအတွက်မှာ ၇,၀၀၀ ခန့်ရှိကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်ဖြစ်သည့် တိုးတက်သောကရင်နီပြည်သူ့ အင်အားစုက ခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

Facebook