Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် ရိက္ခာပို့လာသည့် စစ်ကောင်စီတပ် ရှေ့ပြေးစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်

ယနေ့(ဇန်နဝါရီ၂၆ ရက်)နံနက် ၁၀နာရီခန့်က မြိုင် (ပကဖ)တပ်ရင်း(၁)နှင့် ပေါက်ကျေးရွာ ကာကွယ်ရေးဖွဲ့တို့ပူးပေါင်း၍ Well-2 ကျောက်ခွက်ရေနံမြေမှ ထွက်လာသည့် စစ်ကောင်စီတပ်အား မိုင်းကွင်းများ အသင့်ပြင်ဆင်ကာ စောင့်ဆိုင်းခဲ့သည်။

မီးရှို့ခံရသည့် လူနေတဲ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ-မြိုင်(ပကဖ)
မီးရှို့ခံရသည့် လူနေတဲ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ-မြိုင်(ပကဖ)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် Well-2 စခန်းမှ ရိက္ခာပို့ပြီးထွက်လာသည့် စစ်ကောင်စီတပ်အားတိုက်ခိုက်ရာ စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ဝင် သုံးဦးသေဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။

ယနေ့(ဇန်နဝါရီ၂၆ ရက်)နံနက် ၁၀နာရီခန့်က မြိုင် (ပကဖ)တပ်ရင်း(၁)နှင့် ပေါက်ကျေးရွာ ကာကွယ်ရေးဖွဲ့တို့ပူးပေါင်း၍ Well-2 ကျောက်ခွက်ရေနံမြေမှ ထွက်လာသည့် စစ်ကောင်စီတပ်အား မိုင်းကွင်းများ အသင့်ပြင်ဆင်ကာ စောင့်ဆိုင်းခဲ့သည်။

၁၅ဦးခန့်ပါသော စစ်ကောင်စီတပ်နှင့်ပျူများသည် တဲကြီးကျေးရွာအရှေ့ဘက်သို့ ရှေ့ပြေးခြေလျင် စစ်ကြောင်းဖြင့် ထွက်လာရာ မိုင်းပွိုင့် အကြီး၊ အသေး ၇လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးနှင့် ပျူတစ်ဦး နေရာတွင်ပွဲချင်းပြီးသေဆုံးပြီး ပျူ သုံးဦး စစ်ကောင်စီတပ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလယျာ်က ပြောသည်။

Public Service Announcement
Public Service Announcement

“ကားလေးစီးက Well2 စခန်းကနေ မီတာသုံးရာလောက်ထွက်လာပြီး ရှေ့ပြေး၁၅ယောက်လောက်ကို လွှတ်လိုက်တာ။ အဲဒီရှေ့ပြေးအဖွဲ့ကို ဒရုန်းနဲ့ကြည့်ပြီး ခွဲလိုက်တာ။ ဖလံကိုင်းမှာလည်း စခန်းတစ်ခုရှိသေးတော့ အဲဒီစခန်းကိုရိက္ခါပို့ချင်တယ်ထင်တယ်။”ဟု ကိုလယျာ်က ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းထိစစ်ကောင်စီတပ်သည် အနီးရှိ လူနေတောတဲ နှစ်လုံးအား မီးရှို့ဖျက်ဆီးသွားခဲ့ပြီး ဖောကား လေးစီးဖြင့် နောက်ချန်စစ်ကြောင်း အင်အား ၅၀ကျော်ခန့်မှာ တဲကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နေရာယူထားကြောင်း မြိုင်(ပကဖ)က ပြောသည်။

ထို့အပြင် ကျေးရွာအနီး၌ ကင်းထောက်လွှတ် ထားသည့် စစ်​ကောင်စီတပ်နှင့်ပျူ ၂၀ကျော်ကိုလည်း ဒရုန်းဖြင့် အီနာဂါချတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ဒရုန်းနှင့် အနီးဝန်းကျင်အား လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သည် တဲကြီးကျေးရွာတွင် ညဦးပိုင်းအထိ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၂၃ ရက်ကတည်းက ကိုင်းတောမရဲစခန်းမှ Well2 ရေနံမြေစခန်းသို့ ရိက္ခာပို့ထွက်လာသော စစ်ကောင်စီ၏ ထောက်ပို့ယာဥ်တန်းသည် ယမန်နေ့ကအထိ ဆက်တိုက်တိုက်ခံနေရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ ခန့် သေဆုံးနိုင်ကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook