Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းမြို့နယ်တွင် တပ်ကူလာ​သောစစ်ကောင်စီတပ်ကို PDF များကကြားဖြတ်တိုက်ခိုက်

တိုက်ခိုက်မှုအတွင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့သည်ဟုလည်းသိရသည်။

(သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၂)Phoniex DFတပ်ဖွဲ့ဝင်များ)
(သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၂)Phoniex DFတပ်ဖွဲ့ဝင်များ)

ပဲခူးတိုင်း နတ်တလင်းမြို့နယ် တောင်ညိုဆည်အထက်ပိုင်း ဘိုကြီးစခန်းကျေးရွာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်ဖွဲ့များထံသို့ အင်အားဖြည့် တင်းရန်လာသောစစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၂)Phoniex DF ကပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၂၆)နေ့လယ် ၂ နာရီခွဲခန့်ကဘိုကြီးစခန်းကျေးရွာသို့မကျီးပင်စက်လှေဂိတ်မှတက်လာသောစစ်ကောင်စီတပ်ဖွဲ့အင်အား(၂၀)ဦးခန့်ကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ မှ တပ်ခွဲ – ၁ (Zigon PDF) ၊ တပ်ခွဲ – ၂ ( Phoenix)၊ တပ်ခွဲ – ၃ (နတ်စစ်သည်)နှင့် တပ်ခွဲ – ၄ (MRF) ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

“သူတို့(စစ်ကောင်စီတပ်)ကစက်လှေနဲ့တက်လာတာဆိုတော့ အင်အားက (၁၅)ယောက်နဲ့ (၂၀)ကြားလောက်ရှိတယ်ခင်ဗျ။ ဒီမှာက(ဘိုကြီးစခန်းကျေးရွာ)က သူတို့အထိုင်ချထားတဲ့တပ်ရှိတော့ အင်အားလာဖြည့်တာပေါ့။ အဲဒါကို ကျနော်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာ”ဟု သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၂)Phoniex DF မှ တာဝန်ခံ ကိုရှည်ကြီးက ပြော သည်။

ကြားဖြတ်တိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး ခြောက်ဦးအပြင်းအထန်ဒဏ်ရာရကာ အထိနာသွားသောကြောင့်တပ်ပြန်ဆုတ်သွားကြောင်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့သည်ဟုလည်းသိရသည်။

နောက်ဆက်တွဲအခြေနေများအရ စစ်ကောင်စီတပ်အားလိုက်ပို့သော စက်လှေသမားနှင့် အရပ်သားပြည်သူတစ်ဦး မစိုးရိမ်ရဒဏ်ရာရသွားပြီး တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သောကြောင့် ပြည်သူများ စစ်ကောင်စီတပ်နှင့် ဝေးဝေးနေကြရန် သာယာဝတီခရိုင် PDF က ပန်ကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။