Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်ရှိမြို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို စီးနင်းရာ ဗိုလ်အပါအဝင် စစ်သားနှင့် ရဲ ခြောက်ဦးဖမ်းမိ၊ လက်နက်များရဟု CNF အတည်ပြု

စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့ တိုက်ခိုက်ခံရပါက မြေပြင်မှမလာဘဲ လေကြောင်းကို အားကိုးပြီး တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်ဟု ဆိုသည်။

(ဖမ်းဆီးရမိသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal)
(ဖမ်းဆီးရမိသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal)

ချင်းပြည်နယ် ထန်တလန်မြို့ရှိ CB ဘဏ် အဆောက်အဦး၌ တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ယနေ့ နံနက်တွင် ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်အပါအဝင် စစ်ကောင်စီတပ်သာ နှစ်ဦး၊ ရဲ နှစ်ဦးဖမ်းဆီးရမိခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုသည်။

“စီးနင်းပြီးတော့မှ အဲဒီမှာ အထိအခိုက်မရှိဘဲနဲ့ သေနတ် ၈လက်ရယ် ပြီးတော့ စစ်ကောင်စီက စစ်သား နှစ်ဦးနဲ့ ရဲ လေးဦးပေါ့။စစ်သားကတော့ ဗိုလ်အဆင့်ရှိတဲ့တစ်ယောက်ပါတာပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ စီးနင်းမှုကို CNFနှင့် ချင်းကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်ဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ကလည်း နံနက် ၁၀နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာကြောင်း ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့ တိုက်ခိုက်ခံရပါက မြေပြင်မှမလာဘဲ လေကြောင်းကို အားကိုးပြီး တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်ဟု ဆိုသည်။

“ဒီအတွက် လူထုကသော်လည်းကောင်း ကျွန်တော်တို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သော်လည်းကောင်း အတက်နိုင်ဆုံးအတက်နိုင်ဆုံး ဝေဟင် လေကြောင်း လုံခြုံရေးကို အဓိက ပိုပြီး ကြပ်မတ် သတိထားကြဖို့ ပြောချင်တာပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။